၂၀ မတ်
၂၀၂၀ ရာသီ MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ပထမနေ့နှင့် ဒုတိယနေ့ကို မတ် ၁၉၊ ၂၀ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်၊ ရတနာပုံ၊ ယောမြေ၊ ရခိုင်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။
ပွဲစဉ် (၁၀) တွင် ရန်ကုန်အသင်းက အား/ကာသိပ္ပံအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ရတနာပုံအသင်းက Chinland အသင်းကို လေးဂိုး-ဂိုးမရှိ၊ ယောမြေအသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရခိုင်အသင်းက ကချင်ယူနိုက်တက်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ဟံသာဝတီအသင်းက မောရဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး မြဝတီအသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ရန်ကုန်အသင်းသည် အားကာသိပ္ပံကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သလို ရတနာပုံအသင်းမှာလည်း အားကာသိပ္ပံအသင်း၏ ရှုံးပွဲကို အသုံးချကာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။
ပွဲစဉ် (၁၀) တတိယနေ့ကို မတ် ၂၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး စလင်းကွင်း၌ ငွေကြယ်ပွင့် အသင်းနှင့် မကွေးအသင်း၊ တောင်ဒဂုံကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယခုတစ်ပတ်ပွဲစဉ်များအနက် ရှမ်းယူနိုက်တက်နှင့် MFF Youth အသင်း၊ တက္ကသိုလ်နှင့် Southern အသင်းတို့ပွဲကို တက္ကသိုလ်စာမေးပွဲကြောင့် ရွှေ့ဆိုင်းထားသည်။
သတင်း-ရဲရင့်ရှိုင်း