၂၁ မတ်

 

၂၀၂၀ ရာသီ MNL ယူ-၁၉ အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ကို မတ် ၁၉၊ ၂၀၊ ၂၁ ရက်က ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်၊ ရတနာပုံ၊ ယောမြေ၊ ရခိုင်၊ မကွေး၊ ဇွဲကပင်နှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲများရရှိခဲ့သည်။

                             

ပွဲစဉ် (၁၀) တွင် ရန်ကုန်အသင်းက အား/ကာသိပ္ပံအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ရတနာပုံအသင်းက Chinland အသင်းကို လေးဂိုး-ဂိုးမရှိ၊ ယောမြေအသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ရခိုင်အသင်းက ကချင်ယူနိုက်တက်အသင်းကို လေးဂိုး-ဂိုးမရှိ၊ ဟံသာဝတီအသင်းက မောရဝတီအသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ မကွေးအသင်းက ငွေကြယ်ပွင့်အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ဇွဲကပင်အသင်းက ချင်းယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး မြဝတီအသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။

 

ရန်ကုန်အသင်းသည် အားကာသိပ္ပံကို ဂိုးပြတ်အနိုင်ယူပြီး ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သလို ရတနာပုံ အသင်းမှာလည်း အားကာသိပ္ပံအသင်း၏ ရှုံးပွဲကိုအသုံးချကာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့သည်။ ပွဲစဉ် (၁၀) အပြီးတွင် ရတနာပုံအသင်းက ၁၀ ပွဲကစား ၂၅ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရန်ကုန်အသင်းက ၁၀ ပွဲကစား ၂၄ မှတ်၊ အားကာသိပ္ပံအသင်းက ၁၀ ပွဲကစား ၂၃ မှတ်၊ ဧရာဝတီ အသင်းက ၁၀ ပွဲကစား ၂၁ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ကိုးပွဲကစား ၂၀ မှတ်၊ Southern အသင်းက ကိုးပွဲကစား ၁၈ မှတ်၊ ဟံသာဝတီအသင်းက ၁၀ ပွဲကစား ၁၇ မှတ်၊ မြဝတီအသင်းက ၁၀ ပွဲကစား ၁၆ မှတ်၊ မကွေးအသင်းက ကိုးပွဲကစား ၁၅ မှတ်၊ တက္ကသိုလ်အသင်းက ရှစ်ပွဲကစား ၁၃ မှတ်၊ ရခိုင်နှင့် ဇွဲကပင်အသင်းက ၁၀ ပွဲကစား ၁၃ မှတ်စီ၊ MFF Youth အသင်းက ခုနစ်ပွဲကစား ၁၂ မှတ်၊ စစ်ကိုင်းအသင်းက ၁၀ ပွဲကစား ၁၂ မှတ်၊ ယောမြေနှင့် ချင်းယူနိုက်တက်အသင်းက ၁၀ ပွဲကစား ၁၀ မှတ်စီ၊ Chinland အသင်းက ၁၀ ပွဲကစား ခြောက်မှတ်၊ မောရဝတီအသင်းက ၁၀ ပွဲကစား လေးမှတ်၊ ကချင်ယူနိုက်တက်အသင်းက ၁၀ ပွဲကစား သုံးမှတ်၊ ငွေကြယ်ပွင့်အသင်းက ၁၀ ပွဲကစား တစ်မှတ်ရရှိထားသည်။ ယခုတစ်ပတ် ပွဲစဉ်များအနက် ရှမ်းယူနိုက်တက်နှင့် MFF Youth အသင်း၊ တက္ကသိုလ်နှင့် Southern အသင်းတို့၏ ပွဲများကို  တက္ကသိုလ်စာမေးပွဲကြောင့် ရွှေ့ဆိုင်းထားသည်။

 

သတင်း-ရဲရင့်ရှိုင်း