ရန်ကုန် ဇွန် ၁
MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၆) တတိယနေ့ကို ဇွန် ၁ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲ ပြန်ရပြီး ရတနာပုံနှင့် ဟံသာဝတီ ယူနိုက်တက်အသင်း သရေကျ သည်။
တောင်ဒဂုံကွင်း၌ ကျင်းပ သည့်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက Junior Lions အသင်း ကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူပြီး နိုင်ပွဲပြန်ရခဲ့သည်။ ထိပ်ဆုံးမှ ဒဂုံစတားယူနိုက်တက်အသင်း နိုင်ပွဲ ပျောက်ဆုံးမှုကို ဒုတိယနေရာ မှ ရန်ကုန်ယူနိုက်တက်အသင်း အပြည့်အဝ အသုံးချခဲ့ပြီး တစ်မှတ်အကွာ ဖြင့် ပြန်လည် ဖိအားပေးနိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းအတွက် ဂိုး များကို ၄၊ ၂၆ မိနစ်တွင် ဇေဘိုဘို ထွဋ်၊ ၂၄ မိနစ်တွင် မောင်တော့ပ် တို့က သွင်းယူပြီး Junior Lions အသင်းအတွက် ဂိုးများကို ၁၇ မိနစ်တွင် သော်ဇင်ကိုနှင့် ၈၅ မိနစ်တွင် စိုင်းဘိုဘိုကျော်တို့က သွင်းယူခဲ့သည်။ ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံ အသင်းနှင့် ဟံသာဝတီယူနိုက် တက်အသင်း ဂိုးမရှိသရေကျခဲ့ သည်။ နှစ်သင်းစလုံး ဂိုးမသွင်း နိုင်ဘဲ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ရာ ရတနာပုံအသင်းနှင့် ဟံသာဝတီ အသင်းအတွက် ပထမဆုံး သရေပွဲ ဖြစ်ခဲ့သည်။
ပွဲစဉ် (၆) နောက်ဆုံးနေ့ကို ဇွန် ၂ ရက်တွင် ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး သစ္စာအားမာန် အသင်းနှင့် Falcon အသင်း ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-MNL