ရန်ကုန် ဇွန် ၁၂
MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၈) ဒုတိယနေ့ကို ဇွန် ၁၂ ရက်က ဆက်လက်ကျင်းပရာ မဟာယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက် သရေကျပြီးသစ္စာအားမာန်အသင်း နိုင်ပွဲရရှိခဲ့သည်။
ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက် အသင်း ဂိုးမရှိသရေကျခဲ့သည်။ ခုနစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့နေသည့် မဟာယူနိုက်တက်အသင်း သည် ရှစ်ပွဲမြောက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီး ပထမဆုံးရမှတ် ရယူနိုင်ခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းမှာလည်း ဂိုးပေါက်ပျောက်ဆုံးမှုနှင့်အတူ သရေတစ်မှတ်သာ ရယူနိုင်ခဲ့ သည်။ ရှစ်ပွဲစီကစားအပြီးတွင် ဧရာဝတီ ယူနိုက်တက်အသင်းက ကိုးမှတ်၊ မဟာယူနိုက်တက် အသင်းက တစ်မှတ်ရရှိထားသည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ဟံသာဝတီယူနိုက်တက်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည် ဒုတိယပိုင်းအစ နှစ်မိနစ်တွင် ခန့်ဘုန်းနိုင် သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှစ်ပွဲစီ ကစား အပြီးတွင် သစ္စာအားမာန်အသင်းက ၁၂ မှတ်၊ ဟံသာဝတီယူနိုက် တက်အသင်းက ခုနစ်မှတ် ရရှိထားသည်။
ပွဲစဉ်(၈) တတိယနေ့ကို ဇွန် ၁၃ ရ က်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ပဒုမ္မာကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ တက္ကသိုလ်ကွင်း၌ ရခိုင်ယူနိုက် တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MNL