MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၃) ပထမနေ့ကို ဇူလိုင် ၁၀ ရက်က ကျင်းပရာ သစ္စာအားမာန်နှင့် ဧရာ၀တီယူနိုက် တက်အသင်း အမှတ်ပြည့်ရရှိခဲ့သည်။
ပဒုမ္မာကွင်း၌ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက မဟာယူနိုက်တက်အသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ သစ္စာအားမာန်အသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပြီး ဇယား ထိပ်ပိုင်းမှ အသင်းများကို ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများ ကို ၄၊ ၅၅၊ ၆၉ မိနစ်တွင် ခန့်ဘုန်းနိုင်က ဟက်ထရစ်နှင့် ခုနစ်မိနစ်တွင် ဇင်ဖြိုးပိုင်တို့က သွင်းယူပြီး မဟာ ယူနိုက်တက်အသင်းအတွက် ချေပဂိုးများကို ၃၅ မိနစ်တွင် ရဲလင်းဦး၊ ၇၃ မိနစ်တွင် အောင်အောင်ဖြိုးတို့က သွင်းယူသည်။ ယခုပွဲ အပြီးတွင် သစ္စာအားမာန်အသင်းက ၁၃ ပွဲကစား ၂၂ မှတ်၊ မဟာယူနိုက်တက်အသင်းက ၁၃ ပွဲကစား ငါးမှတ်ရရှိထားသည်။
တက္ကသိုလ်ကွင်း၌ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက Dagon Port အသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့သည်။ ဧရာ၀တီယူနိုက်တက်အသင်းသည် ဂိုးပြတ်ရလဒ်ဖြင့် အနိုင်သုံးမှတ် ရယူနိုင်ခဲ့ပြီး ၁၀၊ ၄၅+၁၊ ၈၃ မိနစ်တွင် ဝိုင်းထက်ပိုင်၊ ၅၅၊ ၈၇ မိနစ်တွင် မျိုးမင်းခန့်တို့က သွင်းယူ သည်။ ယခုပွဲအပြီးတွင် ဧရာဝတီယူနိုက်တက်အသင်းက ၁၃ ပွဲကစား ၁၈ မှတ်၊ Dagon Port အသင်းက ၁၃ ပွဲကစား တစ်မှတ်ရရှိထားသည်။
ပွဲစဉ်(၁၃) ဒုတိယနေ့ကို ဇူလိုင် ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏလေ့ကျင့်ရေး ကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် Falcon အသင်း၊ ပဒုမ္မာကွင်း၌ Junior Lions အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း- ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL