လဟယ်  ၇  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် အိန္ဒိယနိုင်ငံမှ (စတုတ္ထအကြိမ်)အထောက်အပံ့ ငွေကျပ်(၃၀၀ ဒသမ ၀၀၀) သန်းဖြင့် ဆောင်ရွက်ခဲ့သော တံတားအရှည် (၆၀)ပေ၊ အကျယ် (၁၄)ပေ တစ်လွှာ(၁)ထပ် ဘေလီတံတား (၂)စင်းဆောင်ရွက်ပြီးစီးမှုကို ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဦးစီးအရာရှိ ဦးလေမိုးနှင့် ရုံးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း  သိရသည်။

အဆိုပါ တံတားသည် လဟယ်-ယမ်းကြုံး-ဂမ်းည-လုံ၀သိင်္ခကြားတွင် တည်ဆောက်ထားပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် တည်ဆောက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ တံတားတည်ဆောက်ပေးခြင်းကြောင့် လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၂)ရွာမှ ဒေသခံပြည်သူတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ယခင်ထက် များစွာအကျိုးပြု နိုင်တော့မည်ဖြစ်ကြောင်း နာဂဒေသ ခေတ္တဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်ထံမှ သိရပါသည်။

မွှေးကြူဇင်