လေရှီး ၁ နိုဝင်ဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးစီမံကိန်းဖြင့် အိန္ဒိယနိုင်ငံ (စတုတ္ထ)အကြိမ် အထောက်အပံ့ရန်ပုံငွေကျပ် ၁၇၅ ဒသမ ၃၃၅ သန်းဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ကူကီးရွာမကျေးရွာ အထကကျောင်း (၉၀ x ၃၀ ) ပေ RC နှစ်ထပ် ကျောင်းဆောင် (ရေ/မီး/မိလ္လာ)အပါအဝင် တည်ဆောက်ခြင်းလုပ်ငန်းအား မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်လင်း သည် တာဝန်ရှိသူများနှင့်အတူ လုပ်ငန်းပြီးစီး မှုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
လေရှီးမြို့နယ်အတွင်း အထကကျောင်း (၉၀ x ၃၀ ) ပေ RC နှစ်ထပ် ကျောင်းဆောင်(ရေ/မီး /မိလ္လာ) အပါအဝင် တည်ဆောက်ပေးခြင်းဖြင့် အနီးအနားရှိကျေးရွာပေါင်း (၇)ရွာတွင် နေထိုင်ကြသော ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ပညာရေးအတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း နှင့် လက်ရှိပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူပေါင်း (၃၃၅) ဦးအဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ် ပါကြောင်း သိရသည်။
မွှေးကြူဇင်


