မြန်မာ အိန္ဒိယ နှစ်နိုင်ငံနယ်စပ် စုပေါင်းသန့်ရှင်းရေးပြုလုပ် 

တမူး ၁၂ ဇန်နဝါရီ 


ဇန်နဝါရီ ၁၂ ရက် နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ အမှတ်(၁) စစ်ဆေးရေးဂိတ်နှင့် နန်းဖာလုံဈေးအကြား ဗိုလ်နိုင်ဝင်းလမ်းတစ်လျှောက် နယ်စပ်နေရာများ၌ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဘက်မှ တမူးခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အလုပ်သမားများ စုစုပေါင်းအင်အား (၂၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံဘက်မှ တင်နိုပယ်ခရိုင်ဝန်၊ မိုးရေးမြို့ အခြေစိုက် အမှတ်(၄၃) အာသံတပ်ရင်းမှူးနှင့် မိုးရေးမြို့ ရဲစခန်းမှူးတို့ပါဝင်သော စုစုပေါင်းအင်အား (၁၀၀)ခန့်တို့မှ ဗိုလ်နိုင်ဝင်း လမ်းဘေးဝဲ/ယာရှိ၊ သစ်ပင်ခြုံနွယ်များနှင့် အမှိုက်များအား စုပေါင်းရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထွန်းမင်းအောင်(ကဘော်မြေ)

 

ာိည