နေပြည်တော် ၁၃ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အိန္ဒိယသမ္မတနိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားရေးရာဝန်ကြီး Mr. ParshottamRupala အား ယမန်နေ့က နေပြည်တော်ရှိ Hilton Hotel ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်ရေး၊ အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေးဗဟိုဌာန(ACARE)၊ စပါးဇီဝဥယျာဉ်(Rice Bio Park)နှင့်ပတ်သက်သည့် လေ့ကျင့်ပညာပေးရေးအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မဟာ သိပ္ပံနှင့် ဘွဲ့လွန်သင်တန်းများ၊ ကာလတိုသင်တန်းများ အပါအဝင် နည်းပညာ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများ၊ ခေတ်မီစက်မှုလယ်ယာနည်းပညာ ကျင့်သုံးနိုင်ရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ အရ တိရစ္ဆာန်ကျန်းမာရေးနှင့် စီမံခန့်ခွဲရေးအတွက် သင်တန်းများ ဖွင့်လှစ်ပေးမည့် စီမံချက်ဆိုင်ရာများအား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သတင်းစဉ်


