နေပြည်တော် ၂၂ ဇန်နဝါရီ
မောင်တောမြို့၊ နယ်မြေ(၅)၊ အမှတ်(၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရွက်ညိုတောင်ရဲစခန်းမှ ယာယီရဲမှူးတင်လှိုင် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၄)ပါ (၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Domdomia ကင်းစခန်းမှ Jeo-8085 n/s Humayun Kobin ဦးဆောင်သည့် အဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် (၂)စီး စုစုပေါင်း(၄)စီးတို့သည် ဇန်နဝါရီ ၂၁ ရက် နံနက် ၁၀ နာရီခွဲက မင်္ဂလာကြီးချောင်းဝထိပ် နတ်မြစ်မြစ်လယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး ရေမိုင်အမှတ်(၈)မှ ဦးစောလှကျွန်း ရေမိုင်အမှတ်(၁၁)ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၄)ပေါ်၌ နှစ်ဖက်ကင်းလှည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN