နေပြည်တော်  ၁   မေ 
    

 

၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ နံနက် ၈ နာရီ ၅၀ မိနစ် မှ ၁၁ နာရီ ၁၀ မိနစ်အချိန်ထိ မောင်တောမြို့နယ်၊ နယ်မြေ(၇)၊ အမှတ်(၁၀)နယ်ခြားစောင့်ရဲတပ်ဖွဲ့ တုံးချောင်း ချောင်းဝရဲကင်းစခန်းမှ ဒုရဲမှူး ဇော်ဇော် ဦးစီး တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး ရေယာဉ်အမှတ်(ဝ၀၁)ပါ(၂)စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၂)နယ်ခြားစောင့်တပ် Shahparirdip BOP ကင်းစခန်းမှ Subedar MD.Mukter Hossain ဦးစီးတပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ်(၂) စီး၊ စုစုပေါင်း (၄) စီး တို့ဖြင့် မကျီးချောင်း ချောင်းဝထိပ် ရေမိုင်အမှတ်(၂) မှ ကညင်ချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၅)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၁)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံခဲ့ကြောင်း  ရဲပြန်ကြားမှ သိရသည်။

 


MDN