အောင်လံ ၂၈ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၌ ဂျပန်နိုင်ငံနှင့် ဂျပန်ပြည်သူများမှ GGP စီမံကိန်းအရ လှူဒါန်းသော သံချိတ်−မြို့လှ ဘွက်ကြီးချောင်းကူးတံတားနှင့် ဗြန်ဒီကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပေ (၁၀၀x၃၀) တစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၇)ရက်က ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဉက္ကဌ ဦးတာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ ဂျပန်သံရုံးမှ တတိယအတွင်းဝန် MR. Shodai TAKAHIRA၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။

ရှေဦးစွာ ချောင်းကူးတံတားသစ်လွှဲပြောင်းပေးအပ်ပွဲကို နံနက်(၉)နာရီက တံတားတည်ရှိရာ မင်္ဂလာမဏ္ဍပ်တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ဉက္ကဌက အဖွင့်အမှာစကားပြောကြားပြီး ဝန်ကြီးက အမှာစကားပြောကြားသည်။
ဆက်လက်၍ ဂျပန်သံရုံးတတိယအတွင်းဝန်က တံတားဆောက်လုပ်လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူတစ်ဦးတို့က ကျေးဇူးတင်စကားများအသီးသီးပြောကြားသည်။
ထို့နောက် ဂျပန်သံရုံး တတိယအတွင်းဝန်နှင့် စံတော်ရှိန်ကုမ္ပဏီတာဝန်ခံတို့မှ မြန်မာ-ဂျပန် ချစ်ကြည်ရေး တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များကို လွှဲပြောင်းပေးအပ်ကြပြီး တာဝန်ရှိသူများမှ တံတားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ တံတားပေါ်ဖြတ်သန်းကြည့်ရှုခြင်းနှင့် တံတားကမ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းခြင်းတို့ကိုဆောင်ရွက်ကြသည်။
ထိုနည်းတူ မွန်းလွဲ(၁)နာရီအချိန်တွင် ဗြန်ဒီကျေးရွာ အခြေခံပညာအလယ်တန်း(ခွဲ) ကျောင်းဆောင်သစ်ကိုလည်း ဆက်လက်၍ လွှဲပြောင်းပေးအပ် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သိန်းလွင်(အောင်လံ)