နေပြည်တော်  မေ  ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်  ဂျပန်- မြန်မာအသင်းဥက္ကဌ Mr. WATANABE Hideo နှင့်အဖွဲ့အား မေ ၅ ရက် နံနက် ၁၀ နာရီက ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်  မြန်မာ-ဂျပန် လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံ၌ လုပ်ငန်းခွင် အတွေ့အကြုံနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးရေး ၊ သိုလှောင်ပို့ဆောင်မှုစနစ်များ ဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ၊ စိန်တစ်လုံးသရက်နှင့် သစ်သီးဝလံ ဟင်းသီး ဟင်းရွက်များ အရည်အသွေးမြင့် စိုက်ပျိုးထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ 

သတင်းစဉ်