ရန်ကုန် ၂၁ ဒီဇင်ဘာ

 

နှစ်နိုင်ငံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်အနေဖြင့် ဂျပန်နိုင်ငံ Niigata တက္ကသိုလ်၊ Department of Oral and Maxillofacial Surgery မှ ပါမောက္ခ Ritsuo Takagi ဦးဆောင်သောအဖွဲ့သည် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - ရန်ကုန် မေးရိုးနှင့် ခံတွင်း ခွဲစိတ်ကုပညာဌာနရှိ ဆရာ/ဆရာမများနှင့် ပူးပေါင်း၍ ဒီဇင်ဘာ ၁၈ မှ ၂၀ ရက်အထိ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ လူနာ(၁၈) ဦးတို့အား အခမဲ့ ခွဲစိတ်ကုသမှုပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်