နေပြည်တော် နိုဝင်ဘာ ၂၇

 

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်-ရန်ကုန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်အမျိုးသား တက္ကသိုလ် သွားဘက်ဆိုင်ရာဆေးရုံကြီး (Seoul National University Dental Hospital)တို့အကြား နှစ်နိုင်ငံ ပညာရေး ပူးပေါင်း ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသအဖြစ် ပါမောက္ခ ယောင်ဂျေကင်(Prof.Young Jae Kim) ဦးဆောင်သောအဖွဲ့သည် နိုဝင်ဘာ ၂၅ မှ ၂၇ ရက်အထိ ကာကွယ်ရေးနှင့် လူထု သွားကျန်းမာရေး ပညာဌာနမှ ဆရာ၊ ဆရာမများ၊ အလုပ်သင် ဆရာဝန်များ၏ ကွင်းဆင်းကုသရေးခရီး၌ အတူလိုက်ပါ၍ ကုသရေးလုပ်ငန်းများဆောင်ရွက်ကြသည်။

 

ကုသရေး လုပ်ငန်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ.မ.က (၁၉) နှင့် အ.ထ.က (စိုက်/မွေး) လေးထောင့်ကန်၊ သင်္ဃန်းကျွန်းမြို့နယ် အ.လ.က(၂) သုဝဏ္ဏ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၁၃၅)ဦး တို့အား သွားနှင့် ခံတွင်း ရောဂါအခမဲ့ ကုသမှုပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်