မြဝတီ ၂၆ ဇန်နဝါရီ 


မြန်မာ-ထိုင်း နယ်စပ် မြဝတီ၊ မဲဆောက် ဆက်သွယ်ထားသောအမှတ် (၁) ချစ်ကြည်ရေးတံတားကြီးပေါ်တွင် ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီက မြဝတီမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ဖြိုးဇော်ကိုကို၊ မြို့စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ စုံညီစွာ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

mdn


မြဝတီမြို့တွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများပါဝင်ပြီး စုပေါင်းသန့်ရှင်းရေး ပြုလုပ်လျက်ရှိကြောင်း၊ စာသင်ကျောင်းတွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လမ်းမကြီးတွေအ စရှိတဲ့ နေရာစုံမှာ စုပေါင်းပြုလုပ်ကြကြောင်း၊ ဌာနဆိုင်ရာတွေအပြင် နိုင်ငံရေးပါတီတွေလည်း လာရောက်ပြီး ဝိုင်းဝန်းပါဝင်ကြကြောင်း၊ ဖေဖော်ဝါရီလထဲတွင်လည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ သန့်ရှင်းရေးကို ပူးပေါင်းဆောင်ရွက်ဖို့ရှိကြောင်း မြဝတီ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေထံမှ သိရပါတယ်။


ထိန်လင်းအောင်(ပြန်/ဆက်)

 

mdn

 

mdn

 

mdn