ရန်ကုန်၊ ဇန်နဝါရီ ၉
(၃၂)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မြန်မာ - ထိုင်း မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကို ကရင်ပြည်နယ် မြိုင်ကြီးငူတွင် သုံးရက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်ထိုးသတ်မည်
အဆိုပါပြိုင်ပွဲ၌ ဇန်နဝါရီ ၉ ရက်တွင် မင်းကျော်ဇ (မြန်မာ) နှင့် ဖက်စွန်မိုင် (ထိုင်း)၊ ဇွဲရာမာန် (မြန်မာ) နှင့် ငေါင်ပီဇာ (ထိုင်း) တို့အပြင် ပြည်တွင်းပွဲ လေးပွဲဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၁၀ ရက်တွင် စောဂျွန် (မြန်မာ)နှင့် စင်တိုးထောင်း(ထိုင်း)၊ စူပါရေချမ်း(မြန်မာ)နှင့် ဖာနိမိ(ထိုင်း)၊ သွေးသစ်မောင် (မြန်မာ)နှင့် ဒေဝတ်(ထိုင်း)တို့အပြင် ပြည်တွင်းပွဲ လေးပွဲဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၁၁ ရက်တွင် သက်ဝင်းအောင်(မြန်မာ)နှင့် လုတဝိုင်း(ထိုင်း)၊ အဲမွီ(မြန်မာ)နှင့် ပယ်ဆဲလ်(ထိုင်း)၊ အောင်ခိုင်(မြန်မာ)နှင့် ခဝန်အေ(ထိုင်း)တို့အပြင် ပြည်တွင်းပွဲငါးပွဲ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲများကို 360 Sports Facebook နှင့် YouTube channel မှ မွန်းလွဲ ၁ နာရီမှစ၍ တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)