မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ကျင်းပ

ထားဝယ်  ၂၉  မတ်


မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တိုင်းဒေသကြီး အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။ 

 

1


ပြိုင်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ကန်ချနာဘူရီခရိုင်ဝန် Mr.Jirakati Phoomsawat နှင့်အတူ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြသည်။


ပြိုင်ပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။


အဆိုပါ မြန်မာ-ထိုင်း ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်စေရန်၊ အားကစား လှုပ်ရှားမှုများဖြင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု ပိုမိုများပြားလာပြီး  ချစ်ကြည်ရေး ပိုမိုခိုင်မြဲလာစေရန်နှင့် ဒေသဆိုင်ရာများ၏ အားကစား အဆင့်အတန်း ပိုမိုတိုးတက်မြင့်မား လာစေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 


ကျော်ကျော်လတ်(ပြန်/ဆက်)