တာချီလိတ် ၁ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်းဆန်စိမ်းလာင်းလှူပွဲသို့ မြန်မာနိုင်ငံမှ တာချီလိတ်(အခြေချ) စစ်ဗျူဟာ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် ရဲမှူးကြီး ပေါ်ထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်ခရိုင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ထိုင်းနိုင်ငံမှ စစ်ဘက်နယ်ဘက်အရာရှိများ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံမှ ဌာနဆိုင်ရာများ၊ ပြည်သူများက လောင်းလှူခဲ့ကြသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြန်မာနိုင်ငံမှ သံဃာတော် အပါး ၃၀၀ နှင့် ထိုင်းနိုင်ငံမှသံဃာတော် အပါး ၂၀၀၊ စုစုပေါင်းသံဃာတော် အပါး ၅၀၀ တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရေး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ထိုင်းနိုင်ငံ အကောက်ခွန်ရုံးမှ စတင်ကြွမြန်းကာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံ အဝိုင်းပတ်ထိ ကြွမြန်းခဲ့ကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)