မောတောင် ၄  ဒီဇင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီးရှိ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် မောတောင်မြို့၌ ဆလုံ သာသနာပြု ဂျလန်းကျွန်း ဓမ္မရိပ်သာကျောင်းတိုက်ကြီးတည်ထောင် တည်ဆောက် လျက်ရှိသော သာသနိက အဆောက်အဦများ ပြီးစီးအောင်မြင်ပြီးဖြစ်သောကြောင့် ဒီဇင်ဘာ ၃၁ ရက်နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တို့တွင် ဘုရားသာသနာအောင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

 

01

 

ထိုသို့ကျင်းပရာတွင် မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်သည့် မောတောင်မြို့ ဆလုံသာသနာပြု ဂျလန်းကျွန်း ဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၌ တည်ဆောက်ထားသော ကျောင်း၊ ကန် ၊ ဘုရား ၊ စေတီ ၊ သိမ်၊ ဇရပ်၊ ပြဿဒ်၊ မုခ်ဉီး၊ကွန်ကရစ်လမ်း အစရှိသော သာသနိက အဆောက်အဉီများ ပြီးစီးအောင်မြင်ပြီး ဖြစ်သောကြောင့် တစ်ပြိုင်နက်တည်း စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

02

 

ထို့အပြင် ကြွရောက်လာသော ဘုရားဒါယကာ၊ ဒါယိကာမများအတွက် ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၇ နာရီခွဲတွင် ဂျလန်းကျွန်းဆရာတော်ဘုရားကြီးနှင့် နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးများမှ တရားဓမ္မများ ဟောကြားချီးမြှင့်မည် ဖြစ်ကြောင်း ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် ဘုရားကြီး သာသနာဓဇဓမ္မာစရိယ  နယ်လှည့်ဓမ္မကထိက အရှင်ကုသလဇောတိထံမှ သိရသည်။

 

03

 

"မောတောင်မြို့က နယ်စပ်မြို့တစ်မြို့လည်းဖြစ်တယ်။ မြို့သစ်တည်ခါစ မြို့တစ်မြို့လည်း ဖြစ်တဲ့ အတွက် ဘုရားသာသနာထွန်းကားဖို့ လိုအပ်နေတယ်။ ဆရာတော်တို့ တရားဟောကြွရင်း သိလာတဲ့အတွက် ဘုရားသာသနာတစ်ခုဖြစ်အောင် တည်ထောင်ခြင်းဖြစ်တယ်။ ဆရာတော် ဒီနှစ်မှာ ဂျလန်းကျွန်းမှာ ဝါမဆိုနိုင်ဘူး။ မပြီးသေးတဲ့ ကျောင်းနဲ့အဆောက်အဦတွေကို ဆရာတော် ကိုယ်တိုင် ဦးစီးပြီး နေ့တိုင်းဆောက်လုပ်ခဲ့တယ်။ အခုဆိုရင် ဘုရာကျောင်းတွေ ဆောက်လုပ် နေတာ တစ်နှစ်ခွဲရှိပြီဖြစ်တယ်"ဟု ဆရာတော်က မြွက်ကြားသည်။

 

02555

 

ယင်းဘုရားသာသနာ အောင်ပွဲကြီးကျင်းပရာတွင် အဆိုပါကျောင်းတိုက်၌ တည်ထားသည့် သာသနိက အဆောက်အအုံများတည်ဆောက်ပြီးစီးခြင်းနှင့်အတူ လောကဂရုသိမ်ဘုရားစေတီ၊ ထီးတော်တင်လှူပွဲ မင်္ဂလာ၊ သိမ်သမုတ်ပွဲမင်္ဂလာ၊ မုခ်ဦးဖွင့်လှူပွဲမင်္ဂလာ၊ ကွန်ကရစ်လမ်း ဖွင့် အလှူပွဲမင်္ဂလာ၊ ဒေဝဒေဝကျောက်ဆင်းတုဘုရားကြီး ဗုဒ္ဓါဘိသေက ဘုရားအနေကဇာတင်လှူပွဲ မင်္ဂလာ၊ ဘုန်းရှင်၊ကံရှင် ဓမ္မဗိမာန်တော် ဘုန်းကံကြီမားနိဗ္မာန်သွားကျောင်းတော်၊ ဘောဇန အာဟာရဆောင်၊ ဆွမ်းချက်ကျောင်းဆောင်၊ ကုဋီ၊ ပိဋကတ်သုံးပုံ၊ ရေတွင်း၊ ရေကန်၊ တရားဟော ပလ္လင် အစရှိသော ဝိဟာရဒါန၊ သေနာသနဒါန သာသနိက အဆောက်အဉီးများ လှူဒါန်းပူဇော်ပွဲ ရေစက်ချပွဲ မင်္ဂလာတိုကို တစ်ပြိုင်နက်တည်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။

 

852

 

အဆိုပါ ဘုရားသာသနာအောင်ပွဲကြီးကျင်းပရာတွင် အနယ်နယ်အရပ်ရပ်မှ ဧည့်ပရိသတ် များအတွက် နိုင်ငံကျော် ဟားငါးကောင်အငြိမ့်အဖွဲ့နှင့် ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဟိန်းဝေယံနှင့် စိုးပြည့်သဇင် တို့က သီဆိုဧည့်ခံဖျော်ဖြေပေးသွားမည်ဖြစ်သည်။

 

89

 

 အဆိုပါ ဆလုံသာသနာပြု ဂျလန်းကျွန်း ဓမ္မရိပ်သာကျောင်းတိုက်ကြီးသည် မြိတ် - တနင်္သာရီ-မောတောင်မြို့မှ (၁၂၃)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသောကြောင့် မော်တော်ယာဉ်၊ ဆိုင်ကယ် များဖြင့် (၃)နာရီ ကျော်ခန့် မောင်းနှင် သွားရမည်ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

 

89

 

မြင့်ဉီး(မြိတ်)