ရန်ကုန်  ၁၁  ဖေဖေါ်ဝါရီ 

 

မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဖေဖေါ်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ ညနေ ၆ နာရီခွဲတွင် ရန်ကုန်မြို့  သန်လျင်ကျိုက်ခေါက် စေတီတော်မြတ် ဗုဒ္ဓပူဇနိယတော်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲတွင် ဖေဖေါ်ဝါရီ ၁၉ ရက်၌ မြန်မာတွဲဆိုင်းဖြစ်သည့် သပြေညိုနှင့် ဝမ်ချနာ(ထိုင်း)၊ ရဲသွေးအောင် (အဖြူရောင်သွေးသစ်)နှင့် ဆူးမိုက်(ခြင်္သေမင်း)၊ ဖေဖေါ်ဝါရီ ၁၈ ရက်တွင် အောက်ချင်းလေး(မြန်မာ)နှင့် ခေါင်ဝမ်(ထိုင်း) တို့လည်းကောင်း၊ ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ပြည်တွင်းမြန်မာပွဲများ ဖြစ်သည့် သိန်းနီ(အဖြူရောင်သွေးသစ်)နှင့် ဟံသာဝတီသား (အဖြူရောင်သွေးသစ်) အံ့ဘွား(ကျားဖြူ)နှင့် ကိုကိုအောင်(တောင်ဇလပ်)၊ ဇလပ်သွေး(တောင်ဇလပ်)နှင့် သားဒိန်း(ဖိုးရာဇာ)၊ သက်ဦးကျော် (ရွှေချောင်းသာ)နှင့် တောက်ရှာအောင် (AMT2)တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့ပြင် အထူးသုံးချီ စိန်ခေါ်ပွဲများနှင့် လေးချီစိန်ခေါ်ပွဲများကို ထည့်သွင်းကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့အစည်းအရုံးနှင့် ဆံတော်ရှင်ကျိုက်ခေါက် စေတီတော်မြတ် ဂေါပကအဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး ဝင်ကြေးအဖြစ် ငွေကျပ် ၄၀ဝ၀၊ ၅၀ဝ၀၊ ၁၀ဝ၀ဝ သတ်မှတ်ထားကြောင်း သိရသည်။  

 

ဗလစိုး