တာချီလိတ်   ၁၉  ဖေဖော်ဝါရီ   

 

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား ၂ ၌  ယနေ့ နံနက် ၁၀ နာရီခွဲခန့်က   မြန်မာအလုပ်သမား အမျိုးသား( ၂) ဦး၊  အမျိုးသမီး( ၁ )ဦးတို့အား ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြန်မာအလုပ်သမား( ၃ )ဦးအား ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ လူဝင်မှုကြီးကြပ်ရေးအရာရှိ Somsak Singkham ဦးစီးသည့် အဖွဲ့က လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံလူဝင်မှကြီးကြပ်ရေး ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ CNCMC တို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ပြန်လည်လက်ခံခဲ့ကြပြီး ကျန်းမာရေးဌာနမှ ဝူဟန် ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေ ကျော်လွန်သွားလာမှု၊ နေထိုင်ခွင့် သက်တမ်းကျော်လွန်မှု စသည့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဆေး(ပြန်/ဆက်)