မန္တလေး ၁၁ ဇန်နဝါရီ

မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကကြီးမှူး၍ တရုတ်ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှုအဖွဲ့များဖြစ်ကြသည့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ ယူနန်ဗုဒ္ဓဘာသာယဉ် ကျေးမှုအဖွဲ့၊ ဖူးကျန့်ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ ကွမ်းတုံဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့၊ မန္တလေး လူမျိုးစု ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့၊ မန္တလေးပင်လယ်ရပ်ခြား တရုတ်အမျိုးသမီး ချစ်ကြည်ရေး အသင်း၊ ကျင်းတောယန်ပရဟိတအသင်းချုပ်နှင့် ကျင်းတော်ယန်ပရဟိတ အမျိုးသမီးအသင်း၊ ဖူးကျင့်အမျိုးသမီးပရဟိတအသင်း၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း၊ မန္တလေး တရုတ်ကုန်သည်ကြီးများအသင်း၊ Oversea Chinese Service Center၊ ကချင်ပြည်နယ် လူမှုကူညီရေးအသင်းနှင့် နယူးစတားလိုက်ကုမ္ပဏီအုပ်စုတို့မှ ပူးပေါင်း၍ တရုတ်နှစ်သစ်ကူး အကြိုအထိမ်းအမှတ် တရုတ်ယဉ်ကျေးမှုပဒေသာ ကပွဲ၊ ပျော်ပွဲရွင်ပွဲများ ကျင်းပရေး အကြိုစာနယ်ဇင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီက ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ Pullman Mandalay Mingalar Hotel စံပယ်ခန်းမတွင် ကျင်းပခဲ့သည်။

တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် တရုတ်ယဉ်ကျေးမှုအဖွဲ့ (၁၃) ဖွဲ့၏ ဖျော်ဖြေတင်ဆက်ပွဲနှင့် တရုတ်ရိုးရာအစားအသောက်များနှင့် စတုဒိသာကျွေးမွေးပွဲကို ဇန်နဝါရီ ၂၁ ရက် ညနေ၄နာရီမှ ည၁၁နာရီ အထိ  မင်္ဂလာမန္တလေးတွင်ကျင်းပမည် ဖြစ်သည်။ အများပြည်သူများ လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ရန် ကျင်းပရေးအဖွဲ့က ဖိတ်ခေါ်ထားကြောင်းသိရသည်။                                    

မောင်ပြည်သူ(မန္တလေး)