ရန်ကုန် မေ ၁၆ 

 

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့သည် ယူနန်ပြည်နယ် ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးအသင်း (YNPAFFC) ၏ ဖိတ်ကြားချက်အရ ကူမင်းမြို့သို့ ယနေ့တွင် ရောက်ရှိပြီး အသင်းဥက္ကဋ္ဌ Ms. Wang Yu နှင့် တွေ့ဆုံဆွေးနွေးသည်။ 

 

ဆက်လက်၍ YNPAFFC ဥက္ကဋ္ဌက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌအား နှစ်နိုင်ငံချစ်ကြည်ရေး ကြိုးပမ်းလှုပ်ရှား ဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် Honorary Member အဖြစ် ခန့်အပ်ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်