နေပြည်တော် ဇွန် ၉

 

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များသည် ဇွန် ၇ ရက်နှင့် ၈ ရက်တို့တွင် ငလျင်ဒဏ်သင့် နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်များသို့ သွားရောက်၍ အလှူငွေများ လှူဒါန်းကြသည်။

 

ထိုသို့လှူဒါန်းရာတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျောင်းတိုက် ငလျင်ဒဏ်သင့် သိမ် ပြန်လည်တည်ဆောက်ရန်၊ ပျဉ်းမနားမြို့နယ်၊ ကျောင်းကုန်း ပရိယတ္တိ ကျောင်းတိုက်၊ နံတော်စဉ် ပရိယတ္တိစာသင်တိုက်၊ တောင်သာ ဘိုးဘွားရိပ်သာ၊ သန္တာရာမ သီလရှင်စာသင်တိုက်၊ ကင်မွန်းတန်းသိမ် ဆွမ်းစားကျောင်း၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်(အလယ်ရွာ) ကျောင်းတို့အတွက် အလှူငွေ သိန်း(၂၅၀၀)ကိုလည်းကောင်း။

 

ဇွန် ၂ ရက်နှင့် ၃ ရက်တို့တွင်လည်း စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ၏ နေအိမ်(၂)လုံး ဆောက်လုပ်ရန်၊ စစ်ကိုင်းမှ အငြိမ်းစား ဆရာ/ဆရာမကြီးများ စစ်ကိုင်းပြည်သူ့ဆေးရုံကြီး အီးစီဂျီစက်နှင့် လိုအပ်သောဆေးဝါးများ ဝယ်ယူရန်၊ မန္တလေးပြည်သူ့ဆေးရုံကြီး အီးစီဂျီစက် (၂)လုံး၊ ချွဲစုပ်စက် (၂)လုံးနှင့် သွေးစစ်ဌာနနှင့် ခွဲစိပ်ခန်းသုံးပစ္စည်းများ (၂)လစာ ဝယ်ယူရန်အတွက် စုစုပေါင်း အလှူငွေ (၇၀၈)သိန်းကို လည်းကောင်း လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်