နေပြည်တော် အောက်တိုဘာ ၁၀

 

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) က မန္တလေးငလျင်ဒဏ်သင့်နေအိမ်များ၊ သာသနိက အဆောက်အအုံများ၊ သီလရှင်ကျောင်းများ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးများတွင် တစ်တပ်တစ်အား ဝိုင်းဝန်းတည်ဆောက်လျက်ရှိသည်။

 

ယင်းသို့တည်ဆောက်ရာတွင် ပျဉ်းမနားမြို့နယ်ရှိ ပျက်စီးခဲ့သည့် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းနှင့် ဘိုးဘွားရိပ်သာတို့တွင်လည်း ပါဝင်လှူဒါန်းခဲ့ကာ မတ်လအတွင်းက ပြိုကျ ပျက်စီးခဲ့သည့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ကံလှသိမ်တော်ကြီးအား စုပေါင်းကုသိုလ်အဖြစ် အသစ်ပြန်လည် တည်ဆောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကံလှသိမ်တော်ကြီး တည်ဆောက်နေမှုကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့က အောက်တိုဘာ ၉ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ၉၀ ရာခိုင်နှုန်းခန့် လုပ်ငန်းပြီးစီးပြီဖြစ်ပြီး နိုဝင်ဘာလအတွင်း စုပေါင်းရေစက်ချလှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်