ရန်ကုန် ဇူလိုင် ၂၄
မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရေးအသင်း ညီလာခံခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ကျိလင်မြို့ ပြည်သူ့အစိုးရကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံစီးပွားရေး လုပ်ငန်းရှင်များနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးမြှင့်တင်ရေး အသင်းဥက္ကဋ္ဌ Mr. Li Fu Quan က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား ပြီး တရုတ်နိုင်ငံ ကျိလင်မြို့ ပြည်သူ့အစိုးရ မြို့တော်ဝန် Mr. Hu Bin က ကျိလင်မြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံ ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ကျောက်ဖြူမြို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က အမှာစကားပြောကြားပြီး ကျိလင်မြို့ ပြည်ပဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး Mr.Lyu Ji Quan နှင့် ဦးငြိမ်းချမ်းမောင်တို့က ကျိလင်မြို့နှင့် ကျောက်ဖြူမြို့ မောင်နှစ်မမြို့အဖြစ် တည်ဆောက်နိုင်ရေး ကြိုတင် ညှိနှိုင်းခဲ့ကြပြီး အပြန်အလှန် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ခရီးသွားလုပ် ငန်းများ၊ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်၊၊
(သတင်းစဉ်)