မူဆယ် ၂၆  ဇန်နဝါရီ  


ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့တို့သည် မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ် (ဆင်ဖြူဂိတ်)တွင် တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးအဖွဲ့များနှင့် တွေ့ဆုံ၍ နယ်နိမိတ်မှတ်တိုင်အမှတ် BP 81, BP-81-1 နှင့် BP 81-2 အကြား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဝင်/ထွက်ဂိတ် (မန့်ဝိန်းဂိတ်) ကို ကြည့်ရှုစစ်ဆေးကာ ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန်အတွက် ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

mdn


ဆက်လက်၍ မူဆယ်-နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် မူဆယ်မြို့တွင်းလမ်းကို နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းများ၊ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန်ကိစ္စများ၊ မြို့တွင်းရေပေးဝေမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ကိစ္စများကို မူဆယ်မြို့၊ ရွှေလီရတနာ ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်နိမိတ်မှတ်တိုင်အမှတ် BP 81, BP-81-1 နှင့် BP 81-2 အကြား မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းများကို ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

 

mdn


ထို့နောက် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့တော်ဝန်ရုံး၊ အစည်းဝေးခန်းမတွင် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်အမှတ် BP 81, BP-81-1 နှင့် BP 81-2 အကြား နယ်နိမိတ် အငြင်းပွားလျက်ရှိသည့် ဆင်ဖြူဈေးကော်မတီရုံး အဆောက်အဦး ဆောက်လုပ်မှုနှင့်ပတ်သက်၍ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေး အဖွဲ့တို့၏ စစ်ဆေးတွေ့ရှိချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆွေးနွေး သဘောတူညီချက်အရ မြန်မာ-တရုတ် (၂) ဘာသာဖြင့် ရေးသားထားသည့် နယ်နိမိတ်မှတ်တိုင် အမှတ် BP 81, BP-81-1 နှင့် BP 81-2 အကြား နယ်နိမိတ်မျဉ်း သွယ်တန်းပုံနှင့် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်မှတ်တမ်းကို ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်နှင့် တရုတ်နိုင်ငံ၊ နယ်စပ်နှင့် ပင်လယ်သမုဒ္ဒရာရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ကျန်းယီတို့က နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဆိုင်ဖြူ (မူဆယ်)

mdn

 

mdn