နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွားအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရေး တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည်

နေပြည်တော် ဇွန် ၈

 

မြန်မာ - တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းတို့မှ ဥက္ကဋ္ဌ များနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံတမန်များ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

အနာဂတ်အတွက် တူညီသည့်သန္နိဋ္ဌာန်ရှိနေ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် ယနေ့သည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံရေးသမိုင်းတွင် အဓိပ္ပာယ်ပြည့်ဝပြီး ဂုဏ်ယူစရာကောင်းသည့် အခါသမယဖြစ်သကဲ့သို့ သမိုင်းတစ်လျှောက် ကာလကြာမြင့်စွာ တည်တံ့ခိုင်မြဲ ခဲ့သည့် ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အတွက် တူညီသည့်သန္နိဋ္ဌာန်ရှိနေကြသည်ကိုလည်း ဖော်ညွှန်းပြသသည့် အခမ်းအနား ဖြစ်ကြောင်း။

 

မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့်ပါက လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀၀ ကျော် အေဒီ (၇)ရာစုနှစ် မြန်မာနိုင်ငံက ပျူမင်းဆက်များနဲ့ တရုတ်နိုင်ငံ တန်မင်းဆက်မှစ၍ ခေတ်အဆက်ဆက် ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သံတမန်ရေး ဆက်ဆံမှု သမိုင်း အထောက်အထားများစွာ တွေ့ရမည်ဖြစ်ကြောင်း၊ သံတမန်ရေးဆက်ဆံမှုအနေ ဖြင့် အေဒီ (၁၁) ရာစု ပုဂံခေတ်မှာ မြန်မာသံတမန် ရှင်ဒိသာပါမောက် တရုတ်နိုင်ငံကို သံခင်းတမန်ခင်း သွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်းသည် မျက်မှောက်ခေတ် နှစ်နိုင်ငံ စွဲစွဲမြဲမြဲကျင့်သုံးနေသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူဝါဒ၏ အခြေခံအုတ်မြစ်ဟု ဆိုနိုင်ကြောင်း။ ပထမဆုံးအသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ် ခေတ်သစ်နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ စတင်ထူထောင်ချိန်၌ ပထမဆုံးအသိအမှတ် ပြုခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ကြောင်း၊ ၎င်းနောက် ၁၉၅ဝ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်းကြောင့် ယနေ့ ဆိုပါက စိန်ရတုကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။

 

မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ၁၉၅ဝ ပြည့်နှစ်မှစတင်ပြီး ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တစ်စထက်တစ်စ ပိုမိုတိုးတက် ခိုင်မာစေခဲ့ကြောင်း။

 

စံနမူနာတစ်ခုဖြစ်စေခဲ့

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား သမိုင်းကြောင်းကို အခြေခံပြီး ၁၉၅၄ ခုနှစ်က ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ချက်ကို စာချုပ်ချုပ်ဆို နိုင်ခဲ့ခြင်းသည် မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေးသမိုင်းတွင် စံနမူနာတစ်ခုဖြစ်စေခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ် ဘန်ဒေါင်း ညီလာခံမှစတင်၍ မျက်မှောက်ခေတ်ကာလအထိ ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံ အများအပြားက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူကြီး (၅) ချက်ကို လက်ခံကျင့်သုံးနေကြသည် ကို ဝမ်းမြောက်ဂုဏ်ယူဖွယ် တွေ့မြင်ကြရမည် ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်တွင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုအခြေခံ ကျသည့် မူဝါဒအဖြစ် ခိုင်ခိုင်မာမာ ကျင့်သုံးလျက်ရှိကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ၁၉၇၁ ခုနှစ်က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေး အတွက်လည်း အပြည့်အဝထောက်ခံပေးခဲ့ကြောင်း၊ ရှေ့ဆက်၍လည်း နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ကို ပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေး ကို အထောက်အကူဖြစ်စေရန်အတွက် တရုတ် တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ကျင့်သုံးသွား မည်ဖြစ်သည်ကို ထပ်လောင်းအတည်ပြုပြောကြားလိုကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုထောက်ခံ

မျက်မှောက်ကာလတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတကြီး ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ သဘောတရားများဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရာလူသား တိုးတက်ရေးသဘောထား၊ ကမ္ဘာလုံး ဆိုင်ရာ လူသား ယဉ်ကျေးမှုသဘောထား၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး သဘောထား၊ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုသဘော ထားများသည် အနာဂတ်ကမ္ဘာ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး စသည်များကို ပိုမိုမြှင့်တင်နိုင်မည်ဟု ရှုမြင်ရသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုထောက်ခံသည်ကို ပြောကြားလိုပါကြောင်း။ မိမိတို့နှစ်နိုင်ငံ၏ ဆက်ဆံရေး ကို ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုများနှင့် ကဏ္ဍစုံတွင် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ၂၀၁၁ ခုနှ ခုနှစ်တွင် "ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း။

 

နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတစ်လျှောက် သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုများထဲမှ တစ်ခုမှာ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် သမ္မတကြီး မစ္စတာရှီကျင့်ဖျင်၏ သမိုင်းဝင်ခရီးစဉ် ဖြစ်ကြောင်း၊ အဆိုပါခရီးစဉ်အတွင်း မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါသဘောတူညီချက်မှ နှစ်နိုင်ငံနှင့် ပြည်သူတွေ အကျိုးအတွက် ခိုင်မာသည့် တိုးတက်ဖြစ်ထွန်းမှုများကို ဆောင်ကြဉ်းပေးလျက်ရှိနေပြီကို အားလုံး အသိပင်ဖြစ်ကြောင်း။

 

အခွင့်ကြုံခိုက် ယခုကဲ့သို့သမိုင်းဝင်အခါသမယ တွင် မိမိတို့နှစ်နိုင်ငံ၏ ဘုံရည်မှန်းချက်များ ပိုမို တိုးတက် ဖြစ်ထွန်းလာစေရန်အတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲအကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားလိုကြောင်း၊ ထို့အပြင် နှစ်နိုင်ငံပြည်သူများအတွက် ရေရှည် တည်တံ့သည့် ဘုံအကျိုးစီးပွားနှင့် ဒေသတွင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-တရုတ် အနာဂတ်အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုနှင့် သာယာဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကိုမြှင့်တင်နိုင်ရေးတို့ကို ဆက်လက် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်ကို ပြောကြား လိုကြောင်း။

 

အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့

မိမိအနေဖြင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလအတွင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ် (၈၀)ပြည့် အထိမ်း အမှတ်အခမ်းအနားကို တက်ရောက်ခဲ့စဉ်ကာလ အတွင်း တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံမှုတွင် စစ်မှန်သည့် မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည် ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအရှိန်အဟုန်ကို မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်နှင့် ပတ်သက်ပြီး ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့ကြောင်း။

 

ထို့ပြင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့်(၈)ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့စဉ်ကလည်း မိမိအနေဖြင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီချန်းနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း။

 

အရေးပါသည့်ပထဝီဝင်အနေအထားတွင် ရှိနေ

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများ အကောင်အထည်ဖော်သည့်နေရာတွင် အရေးပါသည့် ပထဝီဝင်အနေအထားတွင် ရှိနေ ကြောင်း၊ ထို့ကြောင့် အဆိုပါစီမံကိန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ခြင်းအားဖြင့် နှစ်နိုင်ငံပြည်သူများ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြောဖွံ့ဖြိုးတိုးတက်နိုင်စေမည့် အခွင့်အလမ်း ပေါင်းများစွာ ရရှိစေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းကြောင်း တစ်လျှောက်တွင်ရှိသည့် မဟာဗျူဟာကျသော စီမံကိန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ အဆင် ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း၊ တရုတ်နိုင်ငံ၏ မိမိတို့နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘော အပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်း စေတနာဖြင့် အားပေးထောက်ခံမှုများအတွက်လည်း များစွာတန်ဖိုးထား ကျေးဇူးတင်ရှိသည်ကို ပြောကြား လိုကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ရပ်တည်ထောက်ခံပေးလျက်ရှိသည့် အတွက်လည်း ကျေးဇူးတင်ရှိကြောင်း။

 

ပံ့ပိုးကူညီပေးလျက်ရှိသည်ကိုလည်း ကျေးဇူးတင်ရှိ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအစိုးရ ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံ ပြီး ပံ့ပိုးကူညီပေးလျက်ရှိသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ တရုတ်နိုင်ငံ၏ ခိုင်မာသည့် ရပ်တည်ချက်သည် မိမိတို့နှစ်နိုင်ငံအကြားတွင်ရှိသည့် နက်ရှိုင်းသောချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်မှုတို့ကို ထင်ဟပ်လျက်ရှိပါကြောင်း။ မိမိတို့ နှစ်နိုင်ငံပြည်သူများအကြား အေးအတူ ပူအမျှ အသိုက်အဝန်းမှ အတူမျှဝေခံစားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသည့် ချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ် စေသည်မှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မန္တလေးမြေငလျင် လှုပ်ခတ်မှုအပြီးချက်ချင်း ၂၄ နာရီ a အတွင်း၌ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များကို စေလွှတ်ပေးခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အရေး ကြီးဆုံးအချိန် (Golden Hour)၌ ရှာဖွေကယ်ဆယ်ပေး ခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေ ကယ်ဆယ် ရေးအဖွဲ့များကို မြန်မာပြည်သူများကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းကို ဂုဏ်ပြုပြောကြား လိုကြောင်း၊ ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ်ကာလများ အတွင်း၌လည်း ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ကိုဗစ်-၁၉ ရောဂါကိုလည်း မြန်မာနိုင်ငံအနေဖြင့် ဆိုးရွားစွာခံစား ခဲ့ရကြောင်း၊ အဆိုပါ အချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ဆေးများ၊ ပစ္စည်းများ၊ အထူးသဖြင့် အောက်ဆီဂျင်နှင့် ထုတ်လုပ်ရေး ဆိုင်ရာများတွင် အမြောက်အမြား ကူညီပေးခဲ့ခြင်း ကြောင့် ကြောင့် မြန်မာပြည်သူများ မြန်မာပြည်သူများ ကိုဗစ်ရောဂါကင်းစင်ရေးကို အတွက် များစွာအထောက်အကူ ပေးခဲ့သည်ကိုလည်း ကျေးဇူးတင်ရှိခဲ့သည်ကို ထည့်သွင်းပြောကြား လိုပါကြောင်း။

 

ထို့အပြင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီး ဆုံးရှုံးခဲ့မှုများတွင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ် ယွမ် (၁ ဒသမ ၁) ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့ကြောင်း၊ အခက်အခဲဆုံးအချိန်တွင်ရရှိခဲ့သည့် ပထမဦးဆုံး ပြည်ပအကူအညီဖြစ်သည့် တရုတ်နိုင်ငံ၏ အချိန်မီ ပံ့ပိုးကူညီမှုများသည် မိမိတို့အစိုးရနှင့် ပြည်သူများ အတွက် များစွာထိရောက်မှုရှိပြီး ခွန်အားဖြစ်စေခဲ့ကြောင်း။

 

ထိုကဲ့သို့ အချိန်တိုကာလအတွင်း ဆွေမျိုးပေါက်ဖော်ပီသသည့် ရိုင်းပင်းကူညီပေးမှုများအတွက် မြန်မာနိုင်ငံသားများကိုယ်စား အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းဖြစ်သည့် တ တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများကို များစွာကျေးဇူးတင်ရှိပါကြောင်း၊ ထိုသို့ မွန်မြတ်သည့် ပံ့ပိုးကူညီမှု၊ နှစ်နိုင်ငံပြည်သူများ အကြား စစ်မှန်သည့်ချစ်ကြည်ရင်းနှီးမှုနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှု၊ နွေးထွေး သည့် အကူအညီပေးမှုများသည် နှစ်နိုင်ငံချစ်ကြည် ရေးသမိုင်းတွင် မော်ကွန်းတင်ကျန်ရစ်နေမည် ဖြစ်ကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် အပြန်အလှန်လေးစားမှုနှင့် နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေး မူဝါဒများ ထည့်သွင်းဖော်ပြထားသည့် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွထူထောင်ရေးအတွက် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ ဘုံအကျိုးစီးပွား အတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ပိုမို နက်ရှိုင်းစေရေး တရုတ်နိုင်ငံနှင့်အတူ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြုလိုကြောင်း။

 

ထပ်လောင်းအတည်ပြု

ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်မှု သံတမန် ဆက်ဆံရေး ထူထောင်မှု (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရန်နှင့် မဟာဗျူဟာကျ သည့် ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်မှု အရှိန်အဟုန်ကို တိုးမြှင့်သွားမည်ဟူသည့် မြန်မာနိုင်ငံ၏ ခိုင်မာသည့်သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြု ပြောကြားလို ကြောင်း။

 

အနာဂတ် နှစ်နိုင်ငံအကြား တိုးတက်ကောင်းမွန် သည့်ဆက်ဆံရေးကို ရှေးရှုပြီး မြန်မာ-တရုတ် ချစ်ကြည်ရေး ချစ် ချစ်ကြည်ရေး ထာဝရအဓွန့်ရှည်တည်တံ့ပါစေ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စဉ်ဆက်မပြတ် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ပါကြောင်းကို ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

 

နှုတ်ခွန်းဆက်စကား ပြောကြား

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု အကအလှများ၊ တေးသီချင်းများဖြင့် ကပြသရုပ်ဖော် တင်ဆက်ပြသမှုများနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု သမိုင်းကြောင်းမှတ်တမ်း ဗီဒီယိုဖိုင်အား ကြည့်ရှုကြသည်။

 

မှတ်တမ်း ဓာတ်ပုံပြခန်းများ ကြည့်ရှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများ သည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်း ဓာတ်ပုံပြခန်း များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်