(၂-၆-၂၀၂၀ ရက်၊ နေပြည်တော်)

 

ချင်းရွှေဟော်-မန်တိန်း (ချင်း‌ရွှေဟော်) နယ်စပ်ကုန်သွယ်မှု ပုံမှန် ပြန်လည်ဆောင်ရွက် နိုင်ရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ဉီးစိုးညွန့်လွင်သည် ယူနန်ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Kou Jie နှင့် ၂၁-၅-၂၀၂၀ ရက်နေ့တွင် ချင်းရွှေဟော် နယ်စပ်ဂိတ်တွင်လည်းကောင်း၊ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဉီးထွန်းအောင်ကျော်သည် ယူနန် ပြည်နယ်၊ စီးပွားရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Zhou Xuewen နှင့် ၂၉-၅-၂၀၂၀ ရက်နေ့တွင် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၌လည်းကောင်း အသီးသီး တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

 

ယင်းဆွေးနွေးမှုများ၏ ရလဒ်အနေဖြင့် ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချမ်းမြို့အစိုးရက မြန်မာနိုင်ငံ၏ ပို့ကုန်များကို ၃၀-၅-၂၀၂၀ ရက်၊ နံနက်ပိုင်းမှ စတင်၍ ယာဉ်မောင်းအစားထိုးစနစ်ဖြင့် ပြန်လည်လက်ခံခွင့်ပြုထားပြီးဖြစ်ကြောင်းနှင့် ချင်းရွှေဟော်-မန်တိန်း (ချင်း‌ရွှေဟော်) နယ်စပ်ကုန်သွယ်မှု ပုံမှန်ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

 

Crd > Ministry of Foreign Affairs Myanmar