နေပြည်တော် ဒီဇင်ဘာ ၁၄

(၇၅) နှစ်ပြည့်မြောက်သည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး၊ နယက၊ ဒုတိယဥက္ကဋ္ဌများ၊ အမှုဆောင်များ ပါဝင်သော အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms.Ma Jia ၊ သံမှူးကြီးများ၊ သံရုံးမှ တာဝန်ရှိ သူများပါဝင်သော သံရုံးမိသားစုများ တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ Pan Paciffic Hotel ၌ ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တရုတ်သံအမတ်ကြီး တို့က အမှာစကားပြောကြားခဲ့ကြသည်။

ယင်းနောက် နှစ်နိုင်ငံ ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် လက်ဆောင်ပေးအပ်ခြင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အဓွန့်ရှည် ခိုင်မြဲစေရေး စုပေါင်းဆုတောင်းခြင်းတို့ကို ဆောင်ရွက်ကြကာ ချစ်ကြည်ရင်းနှီးစွာ ညစာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်