နေပြည်တော် ဇူလိုင် ၂
2027 AFC U -20 Asian Cup Development (အုပ်စု K) ပြိုင်ပွဲ အကြိုခြေစမ်းပွဲ ပထမပွဲစဉ်အဖြစ် မြန်မာ U -20 အမျိုးသားဘောလုံးအသင်းနှင့် တရုတ်ဟောင်ကောင် U -20 အမျိုးသားဘောလုံးအသင်းတို့ ဇူလိုင် ၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါပွဲစဉ်အား ယင်းနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှစတင်ပြီး MRTV – HD Channel၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


