နေပြည်တော် ၂၅  အောက်တိုဘာ

မြန်မာ - UNICEF ပူးပေါင်းဆောင်ရွက်မှုနိုင်ငံဆိုင်ရာ အစီအစဉ် (၂၀၁၈-၂၀၂၂) အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Multi-Year Work Plan (2018-2019) အား နှစ်ပတ်လည် ပြန်လည်သုံးသပ်ခြင်းနှင့် Multi-Year Work Plan (2020-2021) အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

JSHEQ

 

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာ်နမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်နှင့် UNICEF Deputy Representative Mr. Paul Edwards တို့က အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် UNICEF Country Programme (၂၀၁၈-၂၀၂၂) အောက်ရှိ Multi-Year Work Plan (2018-2019) အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာတိုးတက်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် Multi-Year Work Plan (2020-2021) တွင် ဆက်လက်အကောင် အထည်ဖော်မည့် ဦးစားပေးဆောင်ရွက်ချက်များနှင့် ထပ်မံထည့်သွင်းဆောင်ရွက်သွားမည့် လုပ်ဆောင်ချက်များအား အတည်ပြုသတ်မှတ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ကိုယ်စားလှယ် များ၊ စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် UNICEF မှ ကိုယ်စားလှယ်များ တက်ရောက်သည်။

UNICEFသည် မြန်မာနိုင်ငံတွင်၁၉၅၀ ခုနှစ်မှစ၍ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကဏ္ဍ များတွင် ကူညီပံ့ပိုးပေးလျက်ရှိပြီး မြန်မာ-UNICEF ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဆိုင်ရာ အစီ အစဉ် (၂၀၁၈ - ၂၀၂၂) အရ မြန်မာနိုင်ငံရှိကလေးသူငယ်များအတွက် ကျန်းမာရေးနှင့် အာဟာရ ပြည့်ဝရေး၊ ပညာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကလေးသူငယ်ကာကွယ် စောင့် ရှောက်ရေး၊ လူမှုရေးကာကွယ်စောင့်ရှောက်မှုနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာသုံးသပ်ခြင်းစသည့်ကဏ္ဍများတွင် လုပ်ငန်းစီမံချက်များကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၅၀၈ သန်းဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)