ရန်ကုန်၊ ဩဂုတ် ၁၉
U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲယှဉ်ပြိုင်ရန် ဂျပန်နိုင်ငံ ချီဘားမြို့သို့ ရောက်ရှိနေသည့် မြန်မာ ယူ-၁၂ အသင်းသည် သြဂုတ် ၁၉ ရက် နံနက်ပိုင်းက Training Match ခြေစမ်းပွဲ သုံးပွဲယှဉ်ပြိုင်ကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။
မိနစ် ၂၀ စီ ခြေစမ်းပွဲကစား
မြန်မာ ယူ-၁၂ အသင်းသည် မိနစ် ၂၀ စီ ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ Nadeshik အမျိုးသမီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး Daiwa အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျပန် နိုင်ငံမှ ဘာစီလိုနာ အကယ်ဒမီ အသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ ယူ-၁၂ အသင်းသည် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ ပထမအဆင့် အုပ်စုပွဲစဉ်များအဖြစ် သြဂုတ် ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီမိနစ် ၂၀ တွင် Tozuka လူငယ်အသင်း၊ မြန်မာစံတော်ချိန် နံနက် ၈ နာရီမိနစ် ၅၀ တွင် ကာရှီမာအန်တလာလူငယ်အသင်း၊ သြဂုတ် ၂၁ ရက်တွင် ဘာဆာရာဟိုဂို လူငယ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးမင်းသူက ကိုင်တွယ်နေပြီး အကယ်ဒမီကျောင်းများ နှင့် ပြည်နယ်/တိုင်းဒေသကြီးတို့မှ အလားအလာရှိသည့် လူငယ်ကစားသမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF