၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ကစားသမားများလျှော့ချပြီး ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ဇူလိုင် ၁ ရက်မှစ၍ ကစားသမား ၃၀ ဖြင့် စတင်လေ့ကျင့်ခဲ့ပြီး နောက်ပိုင်းတွင် ကစားသမားများ ထပ်တိုးရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ရက်ပေါင်း ၄၀ ကျော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီး ကစားသမားနှစ်ဦး လျှော့ချခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လင်းလက်ဦးနှင့် ဇင်မာထွေးတို့ကို လျှော့ချခဲ့ပြီး လက်ရှိတွင် ၃၀ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေကာ စက်တင်ဘာတွင် ကစားသမားများ ထပ်မံလျှော့ချမည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရာတွင် ငါးဂိုးပြတ်အနိုင်ရခဲ့ပြီး ပြည်တွင်းခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြင်ဆင်ချိန် နှစ်လနီးပါး ထပ်မံရရှိမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ဂိုး-ဇူးလတ်နဒီ၊ ခင်မြတ်မိုး၊ စိမ်းလဲ့လဲ့ဦး၊ ပိုးဥ၊ နောက်တန်း-နန့်ဇူးဇူးထက်၊ သဲအိမိုး၊ ကြည်ပြာလင်း၊ ဇွန်ယုယဦး၊ နော်ထက်ထက်ဝေ၊ မိုးမမစိုး၊ နှင်းမြသဇင်၊ မေသက်မွန်မြင့်၊ သဇင်အောင်၊ ကေကေ၊ အိအိကျော်၊ အလယ်တန်း-ဝင်းဝင်း၊ မေဖူးကို၊ မိုးမိုးသန်း၊ အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ ပုံ့ပုံ့ပြည့်မောင်၊ မေထက်လူ၊ ရှေ့တန်း-ဆုပြည့်ပြည့်ကျော်၊ လင်းမြင့်မိုရ်၊ စန်းသော်သော်၊ အေးမြတ်ခိုင်၊ နွယ်နီဝင်း၊ အိစန္ဒာဇော်၊ ဆွေမာအောင်နှင့် မြတ်နိုးခင်တို့ ပါဝင်ကြသည်။
သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်