၇ ဖေဖော်ဝါရီ

    
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲအတွက် လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဖေဖော်ဝါရီ ၆ ရက်က ကစားသမားအချို့ အပြောင်းအလဲပြုလုပ်ခဲ့ပြီး တစ်ဦးလျှော့ချကာ နှစ်ဦးအား ဖြည့်ခဲ့သည်။
    

မြန်မာ ယူ-၂၂ အသင်းတွင် ဒဏ်ရာရနေသည့် တိုက်စစ်မှူး ဇင်မင်းထွန်း (မကွေး) အား ပြန်လည် စေလွှတ်ခဲ့ပြီး မကွေးအသင်းတောင်ပံကစားသမား စိုးလွင်လွင်နှင့် Southern တိုက်စစ်မှူး ချမ်းငြိမ်းတို့ကို ခေါ်ယူအားဖြည့်ခဲ့သည်။ ထို့ကြောင့် မြန်မာ ယူ-၂၂ အသင်း၏ ပဏာမလူစာရင်းမှာ ၂၉ ဦးအထိရှိလာပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် အပြီးသတ်ကစားသမားများ ရွေးချယ်ရန် ကစားသမားများ၏ ခြေစွမ်းအား စောင့်ကြည့်လျက်ရှိပြီး ခြေစမ်းပွဲကစားပြီးပါက လျှော့ချမည်ဖြစ်သည်။ 


ပိုပေါ့ဗ်သည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် တစ်ပတ်ကျော်သာရမည်ဖြစ်သော်လည်း ကစားသမားအများစုမှာ ၂၀၁၈ ခုနှစ်ကတည်းက လက်တွဲလာသူများဖြစ်သောကြောင့် အသင်းတည်ဆောက်ရာတွင် လွယ်ကူနိုင်မည် ဖြစ်သည်။
 

မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ရန် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။


ရဲရင့်ရှိုင်း