ရန်ကုန် ၄ ဇန်နဝါရီ 

 

မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ ပဉ္စမအကြိမ်မြောက် စုံညီ‌တွေ့ဆုံပွဲ ကျင်းပနိုင်‌ရေးအတွက် ညှိနှိုင်အစည်းအဝေးကို ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ အသင်းရုံး၌ ကျင်းပခဲ့သည်။

 

“ကျွန်တော်တို့အသင်းအနေနဲ့ ရန်ကုန်နဲ့ ပြည်နယ်‌ကျောင်းတွေမှာ အားကစားပညာပေးတွေ ဟောပြောပါတယ်။ ဒါ့ပြင် မြန်မာ့အားကစား တိုးတက်ရေးအတွက် တစ်နှစ်တစ်ခါ နှစ်ပတ်လည်မဂ္ဂဇင်းထုတ်သလို အသင်း၀င်‌တွေကို သာရေး၊ နာရေးအတွက် ထောက်ပံ့ပါတယ်။ ဒီနှစ်မှာလည်း ရှမ်း၊ ကယား၊ မန္တလေး၊ မုံရွာရှိ ကျောင်းတွေမှာ အားကစားပညာပေး ဟောပြောဖို့လည်း ရှိပါတယ်”ဟု အထွေထွေအတွင်းရေးမှူး ဦးစိုးသိန်း (ဘောလီဘောလက်ရွေးစင်ဟောင်း)က ပြောသည်။ 

 

အဆိုပါ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်း၏ ပဉ္စမအကြိမ်မြောက် တွေ့ဆုံပွဲကို ဇန်နဝါရီ ၂၅ ရက် ကျိုက္ကဆံကွင်းရှိ ပြည်‌ထောင်စုခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာ့အားကစား လက်ရွေးစင်ဟောင်းများအသင်းသည် ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အသင်းသား၊ အသင်းသူ ၃၂၀ ဦးရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ - အာကာစိုး