နေပြည်တော် မေ ၆

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ နေ့အလိုက် ပြိုင်ပွဲ ပွဲစဉ်များကို မေ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံရှိ သတ်မှတ်နေရာများ၌ ဆက်လက်ယှဉ်ပြိုင်ကြသည်။

ယနေ့ ပွဲစဉ်များဖြစ်သည့် ပြေးခုန်ပစ်၊ ပီတန်း၊ စစ်တုရင်၊ တင်းနစ်၊ ဘော်လီဘော၊ လက်ဝှေ့၊ ခွန်ခမာ၊ ဗိုဗီနမ်(ခွန်ဘိုကာတာ)နှင့် ဘောလုံး အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ယနေ့ မွန်းလွဲပိုင်းအချိန်ထိ ပီတန်းနှင့် ဗိုဗီနမ် အားကစားနည်းများ၌ ရွှေတံဆိပ်နှင့် ကြေးတံဆိပ်များ အသီးသီးရရှိခဲ့ကြသည်။

ပီတန်း (အပစ်- Women Single shooting) ပြိုင်ပွဲ၌  မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဘရူးနိုင်းနှင့် မလေးရှားနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မခင်ချယ်ရီသက်က ပထမ (ရွေတံဆိပ်ဆု) ကို ရရှိခဲ့သည်။

ဗိုဗီနမ် (အမျိုးသမီး နှစ်ယောက်တွဲ အပြ)တွင် အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့က ပထမ (ရွှေတံဆိပ်ဆု)ကို လည်းကောင်း၊ ဗိုဗီနမ် (အမျိုးသားလေးယောက်တွဲ အပြ) ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ မောင်အောင်ခိုင်လင်း၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်၊ မောင်ရာဇာထွန်းတို့က ပထမ (ရွှေတံဆိပ်ဆု)ကိုလည်းကောင်း၊ ဗိုဗီနမ် (အမျိုးသား လေးယောက်တွဲ ဓါးတစ်လက်အသင်းလိုက် အပြ) ပြိုင်ပွဲ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်စဝေလျံထွေး၊ မောင်ထွန်းဝင်းနိုင်၊ မောင်မျိုးထက်ဇော်၊ မောင်အောင်ခန့်မင်းတို့က တတိယ (ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ ဗိုဗီနမ် (အမျိုးသမီး လက်သိုင်းအပြ) ပြိုင်ပွဲ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊  မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မခိုင်ဇာထွန်းက တတိယ(ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ ဗိုဗီနမ် (အမျိုးသား လှံဓားမောက်အရှည် အပြ) ပြိုင်ပွဲ၌ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ရာဇာထွန်းက  တတိယ (ကြေးတံဆိပ်ဆု)ကို လည်းကောင်း၊ ဗိုဗီနမ် (အမျိုးသားလက်သိုင်းအပြ)တွင် အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နှင့် မြန်မာတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ မောင်ကျော်သူစိုးအောင်က တတိယ (ကြေးတံဆိပ်ဆု)ကို လည်းကောင်း ဆုများ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

MDN