မကွေး  ၂၁  ဖေဖော်ဝါရီ 

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့အာမခံလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးနေ သည့် ဝန်ဆောင်မှုများအား ပြည်သူများသိရှိရန်ရည်ရွယ်၍ အာမခံအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

 

003

 

ဟောပြောပွဲ၌ မြန်မာ့အာမခံလုပ်ငန်း တိုင်းဒေသကြီး ဒုတိယတာဝန်ခံက မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော အာမခံလုပ်ငန်းအမျိုးအစားများအကြောင်းကိ်ု အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို တိုင်းဒေသကြီး တာဝန်ခံက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

မြန်မာ့အာမခံလုပ်ငန်းသည် မမျှော်မှန်းနိုင်သော ဘေးအန္တယ်ရာယ်အမျိုးမျိုးကြောင့် ပြည်သူများ ကြုံတွေ့နိုင်သည့် လူမှုစီးပွားဘဝ နစ်နာဆုံးရှုံးမှုများကို အာမခံစနစ်ဖြင့် ထိထိရောက်ရောက် အကာအကွယ် ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်ဘဏ္ဍာငွေ တိုးတက်ရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း တိုင်းဒေသ ကြီး တာဝန်ခံက ပြောသည်။

 

မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အသက်အာမခံလုပ်ငန်း၊ သူတစ်ပါးထိခိုက်မှု အာမခံလုပ်ငန်း၊ မီးနှင့် အထွေထွေအာမခံလုပ်ငန်း၊ ရေကြောင်းအာမခံလုပ်ငန်းနှင့် ခရီးသွားအာမခံလုပ်ငန်း လုပ်ငန်းကြီး(၅)မျိုး အပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၂၉ ခု ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

သန်းနိုင်ဦး(ငဖဲ)