ရန်ကုန်   ဇွန် ၁၅

 

မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း MRESA (ဗဟို)က ကြီးမှူးပြီး ပြည်သူများ၊  အိမ်ခြံမြေအကျိုးဆောင်များအား  လက်ရှိ အိမ်ခြံမြေဈေးကွက်နှင့် နောင် ဖြစ်ပေါ်လာနိုင်မည့် ဈေးကွက်၊ အရှေ့တောင်အာရှ နိုင်ငံများ၏ အိမ်ခြံမြေ ဈေးကွက်များကို သိရှိစေရန် ရည်ရွယ်ကျင်းပသည့် “မြန်မာ့ အိမ်ခြံမြေဈေးကွက်နှင့် ပါမစ်၊ စလစ် လက်တွေ့ဘဝ ဥပဒေ အမြင်” စကားဝိုင်းကို ဇွန် ၁၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ KBA Hotel ၌ ကျင်းပသည်။

 

အဆိုပါစကားဝိုင်းတွင် ပါမစ်၊ စလစ်နှင့်ပတ်သက်ပြီး အားနည်းချက် အားသာချက်များ၊ ရောင်းမှား ဝယ်မှား မဖြစ်ပေါ်စေရန် ဆောင်ရွက်သင့်သည့် အကြောင်း အရာများကို  မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသန်းဦး၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း MRESA (ဗဟို) ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်တို့က ဆွေးနွေး ပြောကြားပြီး မြန်မာအပြည်ပြည်ဆိုင်ရာ အနုညာတခုံရုံးအသင်း ဥက္ကဋ္ဌ အဲလ်ဘတ်ဇော်မင်းက အိမ်ခြံမြေနှင့်သက်ဆိုင်သည့် ဥပဒေ အကြောင်းအရာများကို ဆွေးနွေး ပြောကြားသည်။

 

သိရှိလိုသည်များ မေးမြန်း

 

ထို့နောက် တက်ရောက်လာကြ သည့် အိမ်ခြံမြေအကျိုးဆောင် များ၊ စိတ်ပါဝင်စားသူများက သိရှိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်း ဆွေးနွေးသူများက ပြန်လည် ဖြေကြားခဲ့ကြောင်း သိသည်။

 

ကောင်းစစ်နိုင်