ဟင်္သာတ ၅ သြဂုတ်
မြန်မာ့အိုင်ဒေါမှာ ချန်ပီယံဆုရနိုင်ချေ အများဆုံးအဖြစ် ရေပန်းစားနေသူ ဖြိုးမြတ်အောင်ဟာ ယနေ့သြဂုတ် ၅ ရက် တနဂငေ်္နွနေ့ မှာ သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့ကို ခေတ္တခဏပြန်ခဲ့ရာ ညောင်တုန်းမြို့ သို့ ရောက်ရှိ စဉ် ချစ်သောပရိသတ် မိသားစုတွေကို ဖျော်ဖြေရင်း တွေဆုံချင်ပါတယ်ဟု ၄င်း၏ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိတ်သတ်တွေကို ဖိတ်ကြားထားကြောင်း သိရသည်။
“ ဇာတိမြေ ဟင်္သာတမြို့မှ မိဘညီအမကို မောင်နှမများနဲ့ တနင်္လာ နေ့ ညနေ ၃ နာရီမှာတော့ ဟင်္သာတမြို့ရဲ့ မြို့တော်ခန်းမမှာ ဟင်္သာတက ကျွန်တော်တို့ရဲ့ band အဖွဲ့နဲ့အတူတူ ချစ်တဲ့ ပရိတ်သတ်မိသားစုတွေကို ဖျော်ဖြေရင်း တွေ့ဆုံချင်ပါတယ်"ဟု သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေကို ဖိတ်ကြားထားခြင်းဖြစ်သည်။
ဖြိုးမြတ်အောင်သည် မြန်မာအိုင်ဒေါ Season 3 ပြိုင်ပွဲတွင် ချန်ပီယံဆု ရနိုင်ချေ အများဆုံးအဖြစ် ရေပန်းစားနေသူ တစ်ဦးလည်းဖြစ်ပြီး နောက်တစ်ပတ်တွင် ကျင်းပမည့် ဖိုင်နယ်ပွဲမတိုင်ခင် ပြိုင်ဝင်(၂)ဦးလုံး အတွက်မြန်မာအိုင်ဒေါကနေ အခွင့်အရေးတစ်ခု အနေဖြင့် မွေးရပ်ဇာတိသို့ ခေတ္တပြန်ခွင့်ပေးထားချိန် ဟင်္သာတသို့ ပြန်လာခြင်း ဖြစ်သည်။
ကျော်ကျော် (မလိူင်)