ရန်ကုန် ၆ အောက်တိုဘာ
မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ၏ (၇၅)နှစ်ပြည့် တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်(၁) မြန်မာ့အလင်းသတင်းစာတိုက် အစည်းအဝေးခန်းမဆောင်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြန်မာအလင်းသတင်းစာတိုက် မြို့နယ်သတင်းထောက်များ၏ လူမှုကူညီရေးအဖွဲ့ဂုဏ်ထူးဆောင်နာယက ဦးရဲမြင့်ဖေနှင့် ပဲခူးတိုင်း ရေအရင်းအမြစ် အသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိုင်းမှူး ဦးကျော်ကျော်အောင်တို့က မုဒိတာစကားပြောကြားသည်။ ယင်းနောက် အတွင်းရေးမှူး ဦးတင်ဝင်းမှ တတိယအကြိမ် ပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် အသင်းအတွင်းရေးမှူး ဦးသန်းဝင်းမှ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့၍ အသက် (၇၅)နှစ်ပြည့် သက်ကြီးသတင်းထောက်ကြီးများအား တစ်ဦးလျှင်ကျပ် တစ်သိန်းနှင့် လှူဖွယ်ပစ္စည်းများအား ကန်တော့ခံသတင်းစာဆရာကြီး (၁၁) ဦးတို့ကို ပေးအပ်လှူဒါန်းခဲ့ပြီး စုပေါင်းအမှတ်တရ ဓါတ်ပုံများရိုက်ကူးကာ နံနက်စာဒံပေါက်ဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အခမ်းအနားသို့ မြန်မာ့အလင်းသတင်းထောက် (၆၀)ဦးခန့် တက်ရောက်ကြပြီး အသက် ၉၉ နှစ် မြန်မာ့အလင်းသတင်းထောက် ဦးဆိုက်ကျင်(သုံးခွမြို)နှင့် ကန်တော့ဆရာ စုစုပေါင်း(၁၁)ဦး တက်ရောက်ခဲ့ကြသည်။
နီတိုး


