ရန်ကုန်၊ ၁၃ ဒီဇင်ဘာ
ကမ္ဘာ့နိုင်ငံအများစုတွင် လတ်တလော ကပ်ရောဂါအသွင်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များ ရပ်နားထားရာမှ ယခုအခါ မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ပြည်တွင်းခရီးစဉ်များကို လာမည့် ဒီဇင်ဘာ ၁၆ ရက်တွင် စတင်၍ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။
စတင်ပြေးဆွဲမည့် ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ဟဲဟိုး၊ ကျိုင်းတုံ ၊ ဒီဇင်ဘာ ၁၇ ရက်တွင် စစ်တွေ၊ မြစ်ကြီးနား၊ ပူတာအို၊ ဒီဇင်ဘာ ၁၈ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ထားဝယ်၊ မြိတ်၊ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဟဲဟိုး၊ မြစ်ကြီးနား၊ ပူတာအို၊ ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၀ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဒီဇင်ဘာ ၂၁ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ အမ်း၊ စစ်တွေ၊ မြစ်ကြီးနား၊ ပူတာအို၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကျောက်ဖြူ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဒီဇင်ဘာ ၂၃ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ဟဲဟိုးနှင့် ကျိုင်းတုံ၊ ဒီဇင်ဘာ ၂၄ ရက်တွင် စစ်တွေ၊ မြစ်ကြီးနားနှင့် ပူတာအို မြို့များသို့ စတင်ပြေးဆွဲမည်ဖြစ်သည်။
အလားတူ ဒီဇင်ဘာ ၂၅ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဟဲဟိုး၊ ကျိုင်းတုံ ၊ မြစ်ကြီးနား၊ ပူတာအို၊ ဒီဇင်ဘာ ၂၇ ရက်တွင် နေပြည်တော်။ လွိုင်ကော်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဒီဇင်ဘာ ၂၈ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ အမ်း၊ စစ်တွေ၊ မြစ်ကြီးနား၊ ပူတာအို၊ ဒီဇင်ဘာ ၂၉ ရက်တွင် သံတွဲ ကျောက်ဖြူ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ဒီဇင်ဘာ ၃၀ ရက်တွင် နေပြည်တော်၊ လွိုင်ကော်၊ ဟဲဟိုး၊ ကျိုင်းတုံ၊ ဒီဇင်ဘာ ၃၁ ရက်တွင် စစ်တွေ၊ မြစ်ကြီးနား ပူတာအို စသည်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်များနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ၀၁- ၃၇၈၆၀၃-၀၄-၀၆နှင့် ၀၁-၃၇၇၈၄၀- ၄၁ -၄၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာအမျိုးသားလေကြောင်းအနေဖြင့် အဆိုပါ ခရီးစဉ်များအပြင် လာမည့် ဒီဇင်ဘ ၁၈ ရက်တွင်လည်း စင်ကာပူနိုင်ငံမှ မြန်မာသံရုံးနှင့်ချိတ်ဆက်၍ စင်ကာပူနိုင်ငံသို့ သွားရောက်မည့်ခရီးသည်များနှင့် နေရပ်သို့ပြန်မည် မြန်မာနိုင်ငံသားများအတွက် (၃၁) ကြိမ်မြောက် Relief flight ခရီးစဉ်အား ပျံသန်းပြေးဆွဲပေးမည် ဖြစ်ကြောင်းသိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)


