ရန်ကုန်၊ အောက်တိုဘာ ၂၅
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန်- ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်များကို အောက်တိုဘာ (၂၇)ရက်မှစတင်၍ လေယာဉ်အချိန်များကို မွန်းလွဲပိုင်းအချိန်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန် - ပုသိမ်-ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် (၁၁) နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နေ့လည် (၁၂)နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ပုသိမ်မှ နေ့လည် (၁၂)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ နေ့လည်(၂)နာရီ (၁၀)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ နေ့လည်(၂)နာရီ (၂၅)မိနစ် တွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ (၃)နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး-ညောင်ဦး - ပုသိမ်-ရန်ကုန် ခရီးစဉ်များကို မန္တလေးမှ နေ့လည် (၂)နာရီတွင် (၂၀) မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ (၂)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ (၃)နာရီ (၁၀) မိနစ်တွင်ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၄)နာရီ (၅၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ(၅)နာရီ (၁၀) မိနစ်တွင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၅)နာရီ (၅၀) မိနစ်တွင် ရောက်ရှိမည် ဖြစ်သည်။
ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁ဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


