ရန်ကုန်၊ အောက်တိုဘာ ၂၁

 

မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်တွင်းခရီးစဉ်အသစ်ဖြစ်သော ရန်ကုန်- ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်များကို အပတ်စဉ် တနင်္ဂနွေနေ့နှင့် မန္တလေး- ညောင်ဦး - ပုသိမ် - ရန်ကုန် ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့တွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရန်ကုန် - ပုသိမ် - ညောင်ဦး - မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် ()နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ နံနက် ()နာရီ (၁၀)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ နံနက် ()နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ ()နာရီ (၁၀)မိနစ်တွင် လည်းကောင်း၊ ညောင်ဦးမှ ()နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ (၁၀)နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး - ညောင်ဦး - ပုသိမ် - ရန်ကုန် ခရီးစဉ်များကို မန္တလေး မှ မွန်းလွဲ ()နာရီတွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ ()နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ ()နာရီ မိနစ် (၅၀)တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ()နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ()နာရီ မိနစ် (၅၀)တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ()နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

 

ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၂၈ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၂ဝဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)