ရန်ကုန် ၊ ၃  ဖေဖော်ဝါရီ   

ပြည်တွင်း/ပြည်ပ လေကြောင်းသွား ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် မြန်မာ အမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines) အနေဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း MNA လေကြောင်းလိုင်းမှ သိရသည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများအား ကာကွယ်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန ညွှန်ကြားချက်များအရ မြန်မာအမျိုးသားလေကြောင်း ပြည်ပလေယာဉ်ခရီးစဉ်များ ဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဗန်ကောက်နှင့် ချင်းမိုင်ခရီးစဉ် ပျံသန်းပြေးဆွဲမှုများကို    ဇန်နဝါရီ ၃၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ရပ်ဆိုင်းထားရမှ ယခုအခါ ပြည်တွင်း/ ပြည်ပ လေကြောင်း ခရီးစဉ်များကို ပြန်လည်ပျံသန်းပေးမည်ဖြစ်သည်။ 

ရပ်ဆိုင်းကာလအတွင်း ဝယ်ယူထားသော လက်မှတ်များအား Full Refund နှင့် Free Date Change ဆောင်ရွက်ပေးပြီး ကိုယ်စားလှယ် (Agent) မှ ဝယ်ယူထားသော ခရီးသည်များ အနေဖြင့် ၎င်း agent မှတစ်ဆင့် Refund ပြန်လည်ထုတ်ယူနိုင်ပြီး website မှ ဝယ်ယူထားပါက [email protected] သို့ e-mail ပေးပို့ကာ Refund ပြန်လည်ရယူနိုင်ကြောင်း သိရသည်။ 

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) အနေဖြင့် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မြန်မာနိုင်ငံ သံရုံးနှင့် ညှိနှိုင်း၍ ဖေဖော်ဝါရီ ၁၂ ရက်တွင်လည်း ဗန်ကောက်သို့ သွားရောက်မည့် ခရီးသည် များနှင့် နေရပ်သို့ပြန်မည့် မြန်မာနိုင်ငံသားများအတွက် Relief Flight ခရီးစဉ်အား ပျံသန်း ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန် - ဗန်ကောက် ကယ်ဆယ်ရေး ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထားများ စုံလင်စွာရှိရမည်ဖြစ်ကြောင်း သိရသည်။ 

ပြည်တွင်းလေကြောင်းလိုင်းများကိုလည်း မူလခရီးစဉ်များအတိုင် စက်တင်ဘာ ၄ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။ 

မင်းခေတ်၊ ဓာတ်ပုံ- မင်းထက်