မြန်မာအသင်း ယှဉ်ပြိုင်မည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ ယနေ့ပြုလုပ်မည်

ရန်ကုန်  ဇူလိုင်   ၈

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအုပ်စုမဲခွဲပွဲကို ဇူလိုင် ၉ ရက် (ယနေ့) မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ဇုန်နှစ်ခုခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး အသင်းပေါင်း ၄၂ သင်း  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ အရှေ့အာရှဇုန်တွင် အုပ်စုငါးခု၊ အနောက် အာရှဇုန်တွင် အုပ်စုခြောက်ခုပါဝင်မည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးလေးသင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်က မဲခွဲရန် ဆီဒင်သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး အရှေ့အာရှဇုန် Pot-1 တွင် တောင်ကိုရီးယား၊ သြစတြေးလျ၊ ထိုင်း၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊  Pot-2 တွင် ဂျပန်၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ Pot-3  တွင် ဟောင်ကောင်း အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ တီမော၊ | Pot-4 တွင် တရုတ်(တိုင်ပေ)၊ မွန်ဂိုလီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အနောက်အာရှဇုန် Pot-1 တွင် ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ ဆီးရီးယား၊ ယူအေအီး၊ အီရန်၊ အီရတ်၊ Pot-2 တွင် ကာတာ၊ ဘာရိန်း၊ တာဂျစ် ကစ္စတန်၊ အိုမန်၊ ပါလက်စတိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ Pot-3 တွင် ကူဝိတ်၊ အာဖဂန်နစ္စတန်၊ တာ့ခ်မင်နစ္စတန်၊ အိန္ဒိယ၊ လက်ဘနွန်၊ ယီမင်၊ Pot-4 တွင် ကာဂျစ္စတန်၊ နီပေါ၊ မော်လ်ဒိုက်၊ သီရိလင်္ကာနှင့် ဥဇဘက်ကစ္စတန်တို့ ပါဝင်ကြသည်။

ဥဇဘက်ကစ္စတန်အသင်းသည် နောက်ဆုံးအဆင့်ပွဲစဉ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားသော် လည်း ခြေစစ်ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး ခြေစစ်ပွဲအောင်အသင်းတွင် ပါဝင်ခဲ့ပါက အကောင်းဆုံးအုပ်စု ဒုတိယနေရာ တွက်ချက်ရာတွင် အဆင့် (၅)ရသည့် အသင်းက အစားထိုးယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

ရဲရင့်လွင်