နေပြည်တော် ၁၆ ဇူလိုင် 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများရှိပါက မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူး (အသံလွှင့်) ဖုန်း -ဝ၆၇ ၇၉၂၁၂ ၊ ဝ၉ ၂၅၀၁၀၇၉၀၃၊ ဦးရန်နိုင်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး (မှတ်တမ်း) ဖုန်း - ဝ၉ ၂၅၂၄၁၂၈၁၃ ၊ နေပြည်တော် (တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ)၊ ဖုန်း - ဝ၉ ၄၂၀၂၅၂၀၆၈ ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်) တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။    

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ အမှတ် (18/D)နေ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျာ်နှင့် ဇနီးဒေါ်လှလှမြင့်၊ သား ဦးအောင်လကျာ်၊ သမီး ဒေါက်တာ ခင်လကျာ်၊ ဒေါ်ယုလကျာ် မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၁၀၃)ချပ်နှင့် (Dual) ဓာတ်ပြားစက် (၁)လုံးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ(ရန်ကုန်)သို့ ဆက်သွယ်လှူဒါန်းခဲ့သဖြင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်