နေပြည်တော်  ၂၉   ဇူလိုင် 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနသို့ အလှူရှင်များမှ ခေတ်ဟောင်း (အင်္ဂလိပ်/ မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိသည်။


 ဇူလိုင် ၂၄ ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်၊ မာလာလမ်း၊ အမှတ်(၇)နေ ဦးပါစီထွန်း+ဒေါ်ခင်ခင်ထွေးမိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်း ဓာတ်ပြား အချပ်(၃၀)၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးရေခဲလမ်း၊ အမှတ် (၉၇/စ)နေ ဒေါ်သောင်းသောင်းမိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၁၁)ချပ်၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်တော်ကလေး၊ ဓမ္မာရုံဖြတ်လမ်း၊ အမှတ် (၄၀)နေ ဖခင်ကြီး ဦးထွန်းအေး+မိခင်ကြီးဒေါ်မြဝင်းအားရည်စူး၍ သားသမီးမြေးတစ်စုမှ ကြိုးခွေ (၂၂) ခွေ၊ Sony Tape Recorder (၁)လုံး၊ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ (၂၈) ရပ်ကွက်၊ အောင်ရိပ်သာ (၄)လမ်း၊ အမှတ်(၁၉)နေဦးစိုးမြင့်မိသားစုမှ မြန်မာ ခေတ်ဟောင်းဓာတ်ပြား (၂၉)ချပ်၊ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ အနော်ရထာ လမ်းမကြီး၊ အမှတ်(၁၁၉)နေဦးမြင့်အောင်+ဒေါ်ခင်မြမှူး မိသားစုမှ အင်္ဂလိပ်ခေတ် ဟောင်းဓာတ်ပြား (၁၂)ချပ်၊ မန္တလေးမြို့၊ (၈၀/၈၁)လမ်းကြား၊ (၂၉) လမ်း၊ အမှတ် (၁၁၉)နေဦးအောင်ခင်မိသားစုမှ မြန်မာခေတ်ဟောင်းဓာတ်ပြား (၂၆)ချပ်၊ အင်္ဂလိပ် ခေတ်ဟောင်းဓာတ်ပြား (၁၄)ချပ်အားလည်းကောင်း။


ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တောင်လုံး ပြန်ရပ်ကွက်၊ အောင်မြေလမ်း၊ အမှတ်(၁၃)နေဦးခင်မောင်ထွန်း+ဒေါ်အေးအေးသိန်း မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၃၁)ချပ်၊ Laser Disc (အင်္ဂလိပ်) အချပ် (၄၀)၊ Laser Disc ဖွင့်စက် (၁)လုံးအားလည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊ ယင်းမာမြိုင်လမ်းသွယ်၊ အမှတ်(၃၅၆)နေ ဒေါက်တာ ခင်မောင်သွင်  မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၁၃)ချပ်၊ ရေဒီယိုချိုတေးသံ သီချင်းစာအုပ် (၄)အုပ်၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက် မြောက်ပိုင်း၊ မြယမုံ (၈)လမ်း၊ အမှတ်(၂)နေဦးတင်မောင်+ဒေါ်အေးအေးမိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား (၄၇)ချပ်၊ အင်္ဂလိပ်ခေတ်ဟောင်းဓာတ်ပြား (၁၀)ချပ်၊ ဓာတ်ပြားစက်(၁)လုံး၊ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ရန်ကင်း(၄)ရပ်ကွက်နေ ဒေါ်ခင်မြင့် မိသားစုမှ ကက်ဆက်ခွေ (တေးစီးရီး+တရားတော်) (၁၂၀) အားလည်းကောင်း။


 ဇူလိုင် ၂၉ ရက်တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဦးဝိစာရလမ်း၊ အမှတ် (၂၉၃/၂၉၅)နေ ဦးချန်စိန်+ဒေါ်အမာ၊ သမီးမစိုးစိုးမိုးမိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၁၁)ချပ်၊ အင်္ဂလိပ်ခေတ် ဟောင်းဓာတ်ပြား(၁၄၇)ချပ်၊ ကြိုးခွေ (၃၂)ခွေ၊ ဓာတ်ပြားစက်(၁)လုံး၊ Philis ရေဒီယို(၁)လုံး၊ National ရေဒီယို(၁)လုံး၊ Tape Recorder (၁)လုံးတို့အားလည်းကောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်) သို့ ဆက်သွယ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအားထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများ ရှိပါက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (အသံလွှင့်) ဖုန်း ဝ၆၇-၇၉၂၁၂၊ ဝ၉-၂၅၀၁၀၇၉၀၃၊ ဦးရန်နိုင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဖုန်း ဝ၉-၂၅၂၄၁၂၈၁၃၊ နေပြည်တော်(တပ်ကုန်း)နှင့် ဦးတင်အုန်း (ဦးစီးအရာရှိ) ဖုန်း ဝ၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရုံးခွဲ(ရန်ကုန်)တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


(သတင်းစဉ်)