နေပြည်တော် ၆  သြဂုတ် 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ အလှူရှင်များမှ ခေတ်ဟောင်း(အင်္ဂလိပ်/မြန်မာ) ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ဆက်သွယ်လှူဒါန်းလျက်ရှိသည်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)သို့ သြဂုတ် ၂ ရက်တွင် ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်၊ ၃၁၂/၃၁၈၊ (၃) လမ်း တိုက် B၊ အခန်း(၅)နေ ဦးကေစိန်တိတ်+ ဒေါ်စောအား ရည်စူး၍ ဒေါ်အေးအေးသူ မိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၁)ချပ်နှင့် အင်္ဂလိပ် ခေတ်ဟောင်း ဓာတ်ပြား (၁၀၄)ချပ်၊ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်း အောင်ချမ်းသာအိမ်ရာ D.1 (၁၀၄)နေ ဒေါ်ခင်ချစ် မိသားစုမှ ကက်ဆက်တိပ်ခွေ(၅၄)ခွေ၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄/၃ရပ်ကွက်၊ ကရမက်လမ်း အမှတ်(၈၈)နေ ဒေါ်စန်းစန်းမြင့်မိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၃၃)ချပ်၊ မင်္ဂလာတောင်ညွှန်မြို့နယ် ဖဆပလရပ်ကွက် ဂျိုးဖြူရိပ်သာ ၂၃/၂၅ ဂျိုးဖြူလမ်းနေ ဦးတင်မောင်ရွှေ+ ဒေါ်ခင်ရွှေဦး၊ သားဦးမိုးဇော်မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်း ဓာတ်ပြားအချပ်(၁၀ဝ)၊ ကြိုးခွေ (၁၇)ခွေ ဓါတ်ပြားစက်(၁)လုံး၊ ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ရတနာရှင်လမ်းနေ ဦးမောင်ခင်+ဒေါ်လှ၊ သမီး ဒေါ်ခင်ထားရီမိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၁၂)ချပ်၊ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၄) ရပ်ကွက် ကျောက်စိမ်း(၁)လမ်း အမှတ်(၁၁၄)နေ ဦးကျော်ရှင်း+ဒေါ်ရင်နု မိသားစုမှ ကက်ဆက် ခွေ (၈၃)ခွေနှင့် Panasonic ကက်ဆက်(၁)လုံး၊ သြဂုတ် ၄ ရက်တွင် ကျိုက်လတ်မြို့ (၃)ရပ်ကွက်၊ (၇)လမ်း၊ အမှတ် (၃၂)နေ ဒေါ်ခင်တင့်မိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား (၇၉)ချပ်၊ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် စန္ဒယော်ကျေးရွာနေ ဦးချစ်စိန်+ ဒေါ်ကြင်လှိုင် တို့အား အမှူးထား၍ ဦးအေးမြင့်+ဒေါ်ခင်ခင်ကြူမိသားစုမှ မြန်မာခေတ်ဟောင်း ဓာတ်ပြား(၅၃၈) ချပ်၊ သြဂုတ် ၅ ရက်တွင် သန်လျင်မြို့ အမှုထမ်းရပ်ကွက် ပိတောက်လမ်း အမှတ် (၂၇)/Dနေ ဦးသာဆန်း+ ဒေါ်ကျင်မေ မိသားစုမှ အင်္ဂလိပ်ခေတ်ဟောင်း ဓာတ်ပြား(၂၅)ချပ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ 


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ခေတ်ဟောင်း (အင်္ဂလိပ်/မြန်မာ)ဓာတ်ပြားများနှင့် ဓာတ်ပြားစက်များအား ထိန်းသိမ်းထားရှိလိုသဖြင့် လှူဒါန်းလိုသူများ ရှိပါက ဦးရန်နိုင်ထွန်း လက်ထောက်ညွှန်ကြားရေးမှူး(မှတ်တမ်း) ဖုန်း ဝ၆၇-၇၉၂၈၀၊ ဝ၉-၂၅၂၄၁၂၈၁၃၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ နေပြည်တော် (တပ်ကုန်း)နှင့် ဦးတင်အုန်း(ဦးစီးအရာရှိ) ဖုန်း ဝ၉-၄၂၀၂၅၂၀၆၈၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရုံးခွဲ (ရန်ကုန်)တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ 


(သတင်းစဉ်)